22 - Fall in Love 🖤

6.4K 368 33
                                    

(Unicode)

ရိုးရဲ့ လယ်စောရွာမှာပဲ တစ်ပတ်လောက် အချိန်ဖြုန်းပြီးတဲ့နောက်မှာတော့ အားလုံးအတူ မန္တလေးသို့ ပြန်လာခဲ့ကြသည်...
🚌🚌🚌🚌🚌

တစ်ဖြေးဖြေးနဲ့ ရင်းနှီးလာခဲ့တဲ့ အသိုင်းဝိုင်းတွေရယ်.. တစ်စတစ်စနဲ့ ပိုပိုတိုးလာတဲ့ အချစ်တွေရယ်ကြားမှာ တစ်ယောက်ကိုတစ်ယောက် ပိုင်ဆိုင်လိုစိတ်တို့က Level မြင့်လာကြပြီဖြစ်သည်... အချိန်ပြည့်ပြေးတွေ့ချင်တဲ့ စိတ်တို့ကိုလည်း နှစ်ယောက်စလုံး အတော်လေးချုပ်တည်းနေကြရသည်... ရိုး ခရီးသွားနေရတဲ့အချိန်တွေမှာဆိုရင် ဖုန်းနဲ့သာ အလွမ်းဖြေနေရတဲ့ အခိုက်တန့်တွေကိုလည်း စိတ်အလိုမကျ ဖြစ်နေခဲ့ပြီဖြစ်သည်... 'မင်းက ငါ့အပိုင်ပဲ'ဆိုပြီး လူပုံအလယ်မှာ ချပြချင်နေမိပြီ... မင်းမှာ 'ငါ'ဆိုတဲ့ ဆိုင်သူ ရှိနေကြောင်းကိုလည်း မင်းဘေးမှာဝဲလည်လည်လုပ်နေတဲ့ သူတွေသိအောင် အော်ဟစ်ကြေငြာပစ်ချင်ပြီ.....

💢💢 💢💢 💢💢

📲📲📲

"အေး... မင်းခ ပြော..."

"မြင့်မိုရ်ရေ... ငါတို့ ချောင်ပိတ်မိနေပြီ...
နင်လာကူမှ ရတော့မှာ...ငါတို့ဆီ အမြန်လာခဲ့ပါဟ.. "

"ဘာဖြစ်တာလဲဟ... ငါ့ကို ရှင်းအောင်ပြောဦးလေ..."

မင်းခရဲ့ စကားအသံမှာ ရင်တုန်ပန်းတုန်နဲ့ မောဟိုက်နေပုံပေါက်တာကြောင့် ကြောက်ရွံ့နေသည်ကို ရှင်း ခံစားမိလိုက်ရသည်... သေချာတာကတော့ ပြသနာအကြီးကြီးဖြစ်နေပြီ ဆိုတာပင်....

"အခု ငါတို့ ထိုင်နေကြBarမှာဟ...
ဥာဏ်မိုးထွဋ်တို့အဖွဲ့ ငါတို့ကို ချောင်ပိတ်ဆော်တော့မယ်ထင်တယ်... Bar ပိုင်ရှင်နဲ့ ဘာတော်လည်းတော့မသိဘူး.. အခု Bar မှာ ငါတို့ပဲကျန်တော့တယ်.. ကျန်တဲ့လူတွေကတော့လစ်ပြီ... နင်အမြန်လာမှဖြစ်မှာ... ဟိုကောင်တွေကများတယ်.. ငါတို့က၅ယောက်ထဲရယ်..."

"၅ယောက်ဆိုတော့ တစ်ယောက်က ဘယ်သူလဲဟ..."

ခါတိုင်းဆိုရင် မင်းခတို့မောင်နှမရယ်.. ရဲမာန်ရယ် ကောင်းဆက်ရယ်မှ ၄ယောက်ထဲပင်... အခုက တစ်ယောက်ပိုနေတာကြောင့် ရှင်းလည်း သိလိုစိတ်ဖြင့် မေးလိုက်ခြင်းပင်...

Fall in Love 🖤Where stories live. Discover now