(Unicode)
"ဟျောင့် မြင့်မိုရ်ရေ....
ငါတို့လာပြီဟေ့... တံခါးလာဖွင့်ပေးဦးဟ.."ရှင်းရဲ့ သူငယ်ချင်းတွေဖြစ်တဲ့ မင်းခတို့မောင်နှမ နှစ်ယောက်ရယ်.. ရဲမာန် နဲ့ သာကောင်းဆက် ရယ်ပင်.... သူတို့လေးယောက်ကတော့ ရှင်းကို ယောက်ျားလေးသူငယ်ချင်းလိုမျိုး ပေါင်းကြတာမို့ 'ရှင်း' လို့ မခေါ်ကြပဲ boy ဆန်ဆန် 'မြင့်မိုရ်'လို့သာ ခေါ်ကြသည်.. အခုလည်း ရဲမာန်နဲ့ သာကောင်းဆက်တို့က ရှင်းကို အမြန်တွေ့ချင်နေပြီမို့ ခြံရှေ့ရောက်နေတာတောင် အတော်လေး အလှမ်းဝေးနေသလိုမျိုး ကားဟွန်းတီးလိုက် ပါးစပ်ကလည်း အော်ခေါ်လိုက် လုပ်နေကြသည်......
ခြံရှေ့မှာ အတော်လေး ဆူညံနေပြီမို့ ရှင်းတစ်ယောက် သူ့သူငယ်ချင်းတွေရောက်နေပြီဆိုတာ သိလိုက်တော့သည်... အချိန်ကြာနေရင် ဘေးပတ်ဝန်းကျင်က ခဲနဲ့လာထုမည်စိုးတာကြောင့် ရှင်းလည်း ခြံတံခါးဆီသို့ အမြန်ပြေးထွက်လာခဲ့သည်..."ဟဲ့... နင်တို့ကလည်း တိုးတိုးသက်သာ လုပ်ကြပါဟ.. လူခေါ်ဘဲလ်တီးရင်ကို ငါတို့တစ်အိမ်လုံး ကြားရပါတယ်ဟ... အခုက ဘေးအိမ်ကပါ စောက်မြင်ကပ်အောင် လုပ်နေတယ်...."
"လေမပေါနဲ့ မြင့်မိုရ်... တံခါးအမြန်ဖွင့်... ငါတို့က အပြစ်မတင်ခင် နင်က အရင်လာပြီး အပြစ်တင်နေတယ်... သေဖို့သာပြင်ထား..."
ရဲမာန်ရဲ့အပြောကြောင့် ရှင်းတစ်ယောက် တံခါးအမြန်ဖွင့်ပေးပြီးတာနဲ့ ခြံထဲသို့တန်းနေအောင် ပြေးတော့သည်.... အထောင်းခံရတော့မယ်ဆိုတာ သိနေပြီလေ.... ရဲမာန်နဲ့သာကောင်းဆက်တို့ကလည်း ခြံထဲကားရပ်ပြီးတာနဲ့ ရှင်းနောက်ကို လိုက်တော့တာပဲ... အမွှာနှစ်ကောင်ကတော့ နောက်ကနေသာ တစ်ခစ်ခစ်ရယ်ရင်း လိုက်လာကြသည်....
"မြင့်မိုရ် မပြေးနဲ့...."
"ပြေးမှာပဲ... မဟုတ်ရင် နင်တို့နှစ်ကောင်လက်ထဲ ငါ သေလိမ့်မယ်...."
"အေးအေး... ပြေးနိုင်ရင် ပြေးစမ်းပါ..
ဟဲ့ယောာင် ရဲမာန် မင်းဟိုဘက်က လိုက်..""အိုခေ.. အိုခေ.. "
အိမ်ခြံဝန်းကြီးထဲမှာတော့ သူငယ်ချင်းတစ်သိုက် ပြေးလွှားကျီစား နေကြတော့သည်.. ဒီမြင်ကွင်းကို အိမ်အပေါ်ထပ် ဝရံတာကနေ ရှင်း မေမေကြီးဖြစ်တဲ့ ဒေါ်ဇင်မိုးကတော့ ပြုံး၍သာ ကြည့်နေမိသည်... ဒေါ်ဇင်မိုးဆိုသူက ရှင်းကို မိခင်အရင်းထက်ကိုပိုပြီး ချစ်နိုင်သူဟု ဆိုရမည်... ရှင်း လိုချင်တာ မှန်သမျှကိုလည်း မငြီးမငြူဘဲ အမြဲဖြည့်ဆည်းပေးတတ်သူပင်.... အခုလည်း သူ့သူငယ်ချင်းတွေနဲ့ အခုလိုပျော်ရွှင်နေတော့ ကျေနပ်နေမိသည်... နောက်မှ သူတို့နဲ့ပေါင်းလို့ ဆိုးသွမ်းလို့ ပြသနာလိုက်ရှင်းပေးရတာက တစ်ကြောင်းပင်.... အမြဲဆိုးနေတာကြီးကို သဘောမကျပေမယ့်လည်း ဒီလိုတွေလုပ်နေရမှ ရှင်းလေး ပျော်ရွှင်ရမယ်ဆိုရင်တော့ ဒေါ်ဇင်မိုးတို့ ကျေနပ်ရသည်ပင်... အခုလည်း ရှင်းတစ်ယောက် သဘာဝလွန်တဲ့ အချစ်မျိုးနဲ့ မိန်းကလေးတစ်ယောက်ကို ချစ်မိနေတာလည်း အပြစ်မဆိုရက်ပေ... အားလုံးက လက်မခံနိုင်လောက်တဲ့ အခြေအနေမျိုးမို့လို့ ဒေါ်ဇင်မိုးတစ်ယောက်ကတော့ ရှင်းလေးဘက်ကနေ မားမားမတ်မတ် ရပ်တည်ပေးရမယ်မဟုတ်လား... အခုလည်း သူ့သူငယ်ချင်းတွေနဲ့ ပြန်တွေ့ပြီဆိုတော့ တစ်ချိန်လုံး အချစ်မှာပဲ ယစ်မူးနေတတ်အကျင့်လေးတွေတော့ ခနတော့ပျောက်ကောင်းပါရဲ့.... ဒေါ်ဇင်မိုးတစ်ယောက် ခြံထဲမှာ ပြေးလွှားနေကြတဲ့ ကလေးတွေကို ကြည့်ရင်း အတွေးတို့က တစ်စ တစ်စ လွှင့်ပျံနေတော့သည်.........
YOU ARE READING
Fall in Love 🖤
General Fiction(Unicode ) မြန်မာနိုင်ငံ ပြည်ထောင်စုဝန်ကြီးရဲ့သမီးလေးနဲ့ ပြင်သစ်စကားပြန်မလေးတို့ရဲ့ မတူညီတဲ့အခြေနေနှစ်ခုကြားထဲမှ ဖြစ်ပေါ်လာတဲ့အချစ်တစ်ခုက ချောမွေ့လွယ်ကူမလား...? ခက်ခဲကြမ်းတမ်းမလားဆိုတာ....? (Zawgyi) မြန်မာနိုင်ငံ ပြည်ထောင်စုဝန်ကြီးရဲ့သမီးလေးနဲ့ ပြင်...