(Unicode)
စုတ်ဖွာနေသော ဂုတ်အထက်က ခဲရောင်ဆံနွယ်တို့ကို လက်နှစ်ဖက်ဖြင့် ခပ်ကြမ်းကြမ်း ကုတ်လိုက်ရင်း အိပ်နေရာမှ ထထိုင်လိုက်တော့သည်... မနေ့ညက အတော်လေးများသွားတာကြောင့် ခေါင်းမှာလည်း ကိုက်ခဲ၍နေသည်... မနေ့ညက အဖြစ်ပျက်များကို တစ်ဆင့်ချင်း ပြန်စဥ်းစားသော်လည်း Bar ကပြန် လမ်းဘေးရပ်ပြီး ထပ်သောက်နေခဲ့သည်ထိသာ မှတ်မိတော့သည်... ဘယ်အချိန်ထိ ဆက်သောက်ပြီး အိမ်ကို ဘယ်လိုပြန်ခဲ့တယ်ဆိုတာတော့ ဘယ်လောက်စဥ်းစား စဥ်းစား မမှတ်မိတော့ပေ.... ရှင်းတစ်ယောက် စဥ်းစားခန်းဖွင့်နေတုန်းမှာပဲ တံခါးဖွင့်သံ ကြားလိုက်ရသည်... တံခါးရဲ့အနောက်မှာ ရိုးကို မမျှော်လင့်ပဲ တွေ့လိုက်ရတော့ မျက်လုံးအဝိုင်းသား ဖြစ်သွားရတော့သည်...
"ဟာ... အချစ်ကလေး..
အစောကြီးရှိသေးတာကို ဘယ်လိုလုပ် အိမ်ရောက်နေတာလဲ..? ဟင်.. အဝတ်စားတွေကလည်း ရှင်းဟာတွေနဲ့...""ဟယ်တော်... ဒီပုံစံတိုင်းဆို မနေ့ညကအကြောင်းတွေ ဘာမှမမှိတ်မိဘူးပေါ့..."
"ဟင်... မနေ့ညက မနဲ့ရှင်းနဲ့ ဘာတွေဖြစ်ခဲ့လို့လဲ.. မဟုတ်မှလွဲရော.... အမ်🤐"
"ဟိတ် ဟိတ်.. ထင်ရာတွေ လျှောက်တွေးမနေနဲ့... ရော့ သံပုရာရည်လေး အရင်သောက်လောက်... ခေါင်းနှောက်နေတယ်မလား.."
"ဟီး..😁 ကျေးဇူး အချစ်ကလေး...
ခေါင်းတွေ သိပ်မကြည်ဘူး ဖြစ်နေတာ..."ထို့နောက်တော့ ရှင်းလည်း ရိုးယူလာတဲ့ သံပုရာရည်လေး သောက်လိုက်တော့သည်.. သောက်ပြီးတာနဲ့ လူယုတ်မာအကြည့်တို့ဖြင့် ရိုးကို မထိတထိကြည့်တော့သည်...
"ဘာအကြည့်ကြီးလဲ.. အခုချက်ချင်း ပြင်လိုက်နော်... "
"အဲ့ဒါဆို ညက ဘာတွေဖြစ်ခဲ့လဲ ပြောပြ.."
"ဟယ်... ဘာတွေဖြစ်ရမှာလဲ.. ခဗျားလေး မူးပြီးအန်တာပေါ့... ဒီကတော့ သူ့ရဲ့မိုးထိုးနေတဲ့အရပ်ကြီးကို မနိုင်မနင်းတွဲပြီးအခန်းထဲထိလည်း ခေါ်ခဲ့ရသေး.. အခန်းထဲရောက်တော့ ခဗျားလေးက ကျုပ်ကို ကောင်းကောင်းကြီး ကျေးဇူးဆပ်လိုက်တော့တာပဲ... ကျုပ်တစ်ကိုယ်လုံးလဲ အန်ဖတ်တွေကြည့်ပဲ... အာ့ကြောင့် အင်္ကျီတွေ ယူဝတ်ထားတာ..."
YOU ARE READING
Fall in Love 🖤
General Fiction(Unicode ) မြန်မာနိုင်ငံ ပြည်ထောင်စုဝန်ကြီးရဲ့သမီးလေးနဲ့ ပြင်သစ်စကားပြန်မလေးတို့ရဲ့ မတူညီတဲ့အခြေနေနှစ်ခုကြားထဲမှ ဖြစ်ပေါ်လာတဲ့အချစ်တစ်ခုက ချောမွေ့လွယ်ကူမလား...? ခက်ခဲကြမ်းတမ်းမလားဆိုတာ....? (Zawgyi) မြန်မာနိုင်ငံ ပြည်ထောင်စုဝန်ကြီးရဲ့သမီးလေးနဲ့ ပြင်...