18 - Fall in Love 🖤

7.1K 395 21
                                    

(Unicode)

"မ..... ရှင်းကိုကြည့်ပါဦး...😭😭"

စိုးရိမ်တကြီးနဲ့ အာခေါင်ခြစ်အော်လိုက်တာမို့ ထိုအသံက ရိုးရဲ့နားမှတစ်ဆင့် နှလုံးထိတိုင် လှုပ်ခတ်သွားစေတော့သည်....

"ဟင်..... ရှင်း.."

'ရှင်း'နာမည် ခေါ်ပြီးတာနဲ့ ရိုးလည်း အကြောက်ကြီးပြီး လူတွေကြားထဲမှာပဲ ရှင်းကို အားရပါးရ ဖက်လိုက်မိတော့သည်... ရှင်းလည်း အလိုက်တသိနဲ့ ပြန်ဖက်ထားပေးရင်း ကျောလေးကိုပွတ်ကာ...

"မ... မကြောက်နဲ့နော် .. ရှင်းရှိတယ်... ဘာမှမဖြစ်ဘူး ရှင်းရှိတယ် သိလား..."

ရိုးအတွက်သာ ရှင်းပြောပေးနေပေမယ့် ရှင်းမျက်နှာမှာက မျက်ရည်စီးကြောင်းတို့က နေရာယူနေခဲ့ပြီ... ထို့နောက် ရိုးစိတ် တည်ငြိမ်သလိုဖြစ်သွားမှ လူတွေ ဝိုင်းကြည့်နေတာကို သတိထားမိပြီး ကိုယ်ချင်းပြန်ခွာလိုက်ကြသည်....

"ရှင်း... ရှင်းလေးက ဘာဖြစ်လို့ ငိုနေတာလဲ..."

"မ,က မတ်တတ်ရပ်ကြီး သတိမရှိတော့သလိုကြီး ဖြစ်နေတော့ ရှင်းလည်း စိတ်ပူသွားရင်း မျက်ရည်က သူ့အလိုလို ကျလာတာ... လာ လာ ဒီနားမနေနဲ့တော့ တစ်နေရာရာသွားရအောင်...."

ရှင်းလည်း ရိုးလက်ကို တွဲပြီး ထိုနေရာမှ အမြန်ဆုံးထွက်လာခဲ့လိုက်သည်... ထို့နောက်တော့ နှစ်ယောက်စလုံး စိတ်ပင်ပန်းသွားတာမို့ အင်းနဲ့နီးတဲ့ စားသောက်ဆိုင်လေး တစ်ဆိုင်မှာပဲ အတူထိုင်ရင်း စိတ်မပါလက်မပါဘဲ အစားသောက်များ မှာလိုက်ကြသည်....

အစားသောက်တွေ လာချပေးတော့လည်း ရိုးတစ်ယောက် စိတ်မပါသလို တို့ကနဲစိတ်ကနဲသာ လုပ်နေမိသည်... ရိုးကိုပဲ တစိမ့်စိမ့်ကြည့်နေတဲ့ ရှင်းတစ်ယောက်ကတော့ ရိုးကိုကြည့်ပြီး အားမလို အားမရဖြစ်နေတော့သည်... ရိုး ဒီလိုဖြစ်ရခြင်းရဲ့ အဓိကတရားခံကလည်း ရှင်းကိုယ်တိုင်ပဲ ဖြစ်နေတော့ ကိုယ့်ကိုကိုယ်ပဲ အခါခါအပြစ်တင်နေမိတော့သည်...

"မ, စားလို့မကောင်းဘူးလားဟင်.."

ရှင်းပြောလိုက်တော့ ရိုးတစ်ယောက် စားပွဲပေါ်က ဟင်းခွက်တွေကို ငေးကြည့်ရင်းနဲ့မှ အသိစိတ်ပြန်ကပ်သွားရသည်...

Fall in Love 🖤Where stories live. Discover now