26 - Fall in Love 🖤

7.8K 424 20
                                    

(Unicode)

"သမီးလေး ရိုးရိုး...
ငိုနေတာလား..?"

"ရှင် မေမေ..."

"သမီးလေး ငိုနေလို့လေ
ဟိုကောင်မလေးကို သတိရလို့လား.."

"ဟင်... သမီး ငိုနေတာလား...?"

ရိုး ပြောနေရင်း လက်ဖြင့် ပါးနှစ်ဖက်စလုံးကို စမ်းကြည့်တော့ သူမရဲ့လက်ဖြင့် အေးစက်နေသော မျက်ရည်စအချို့တို့ကို စမ်းမိသွားသည်... အမေ​​ဖြစ်သူရဲ့ ရှေ့မှာမို့ ဘယ်ချိန်ကထဲက ကျနေမှန်းမသိတဲ့ မျက်ရည်စတို့ကို ကဗျာကရာ အမြန်သုတ်လိုက်သည်... ပါးထက်မှ မျက်ရည်တွေကို သုတ်နေရင်း မျက်လုံးအိမ်ထဲမှ အသစ်စက်စက် မျက်ရည်ပူတို့က ထပ်ကျလာတော့သည်...

"သမီးရယ်... ငိုချင်ရင် ငိုချလိုက်ပါ...
အောင့်အီးပြီး ကြိတ်မှိတ်ခံစားမနေပါနဲ့... သမီးဘေးမှာ ဘယ်သူမှ မရှိရင်တောင် မေမေရှိတယ် ဟုတ်ပြီလား..."

"အဟင့်... အဟင့်..😭
သမီး သူ့ကို သိပ်သတိရတာပဲ မေမေရယ်..."

အစကထဲကမှ မန်ကျည်းပင်အောက်က ကွပ်ပျစ်ကလေးမှာ တစ်ယောက်ထဲ ထိုင်လွမ်းနေရင်း အလိုလို ငိုမိနေပါတယ်ဆိုမှ အမေဖြစ်သူက ငိုဖို့ အခုလို ထပ်ပြောလိုက်တော့ ရိုးတို့ ကလေးတစ်ယောက်လို ရှိုက်ကြီးတငင်ငိုမိပြီလေ.... ရိုး သူ့အမေရဲ့ ရင်ခွင်ထဲမှာပဲ မျက်နှာအပ်ကာ ကလေးငယ်တစ်ယောက်ကဲ့သို့သာ ရှိုက်သံတို့ဖြင့် ငိုကြွေးနေမိသည်....

"ကံဆိုးရှာလိုက်တာ သမီးလေးရယ်...
ဒီသက်ဒီရွယ်ထိ ချစ်သူနှစ်ယောက်လေးပဲ ထားဖူးပြီး ကံကြမ္မာက မျက်နှာသာ မပေးရှာဘူး... ပထမတစ်ယောက်နဲ့တုန်းကလည်း သေခြင်းတရားနဲ့ ဝေးကွာခဲ့ရပြီးပြီ... အခုတစ်ယောက်လည်း မိန်းကလေးဖြစ်တဲ့အပြင် ဂုဏ်ငွေအာဏာကြီးတဲ့ အသိုင်းဝိုင်းထဲက ဖြစ်နေပြန်တယ်... အစကထဲက ဒီလိုဖြစ်လာမယ်မှန်း သိရက်နဲ့ ဘာလို့ ရူးရူးမိုက်မိုက် ရှေ့ဆက်တိုးခဲ့တာလဲ သမီးရယ်... အခုတော့ သမီးလေးပဲ ခံစားနေရပြီ...."

ဒေါ်နွယ်နွယ်ခိုင်တစ်ယောက် သမီးဖြစ်သူရဲ့ ခေါင်းလေးပွတ်ပေးရင်းသာ ရင်ခွင်ထဲမှာတင် နှစ်သိမ့်ပေးနေမိသည်... သမီးဖြစ်သူ ခံစားနေရတာကို ကြည့်နေရင်းနဲ့ကို ရင်ဘက်ထဲမှာ အောင့်သက်သက်ဖြစ်လာရသည်... သတင်းစစကြားတုန်းကတော့ ဒေါသဖြစ်ပြီး ဆိုနေခဲ့ပေမယ့် ရွာပြန်ရောက်လာတဲ့အချိန် သမီး​ဖြစ်သူ မျက်နှာလေး ကြည့်ပြီး မဆူရက်ခဲ့ပေ... မိဘဆိုတာ ကိုယ့်သားသမီး ဆိုးသည်ဖြစ်စေ ကောင်းသည်ဖြစ်စေ ကိုယ့်သားသမီးဘက်ကပဲ ရပ်တည်ပေးရမယ်မဟုတ်လား..? ကိုယ်ကိုတိုင်က ပစ်ပယ်လိုက်ရင် ဆွေမျိုး.. အသိုင်းဝိုင်း.. ပတ်ဝန်းကျင်ကပါ ပစ်ပယ်ပြီး နောက်ဆုံး သူတို့လေးတွေ တစ်ယောက်ထဲကျန်ရစ်ပြီး စိတ်ဒဏ်ရာ ရသွားနိုင်ပေသည်... ဒါ့ကြောင့်လည်း ရွာပြန်ရောက်လာတဲ့နေ့ကထဲက အခုထိ ထိုအကြောင်းနဲ့ ပက်သက်ပြီး မဆူခဲ့ပေ.. နည်းနည်းပါးပါး အပြစ်တင်မိယုံမှတစ်ပါး ကျန်တဲ့အချိန်တွေမှာတော့ အမြဲနှစ်သိမ့်ပေးနေခဲ့သည်... အခုဆိုရင် ရိုး ရွာကိုပြန်ရောက်လာတာ ၁၀ရက်ခန့်ရှိပြီဖြစ်သည်... စရောက်ကထဲက တစ်ယောက်ထဲ သီးသန့်သာနေပြီး နေ့ခင်းဘက်ဆို ဒီကွပ်ပျစ်လေးပေါ်မှာပဲ ထိုင်မှိုင်နေတတ်သည်... အစားဆိုလည်း စားချင်တဲ့ချိန်မှစားပြီး မစားသည့်အချိန်က များနေပြန်သည်... ဒါတောင် သတင်းကြားကြားချင်း ရွာပြန်လာဖို့ ခေါ်လိုက်လို့ပင်... မဟုတ်ရင် မန္တလေးကအိမ်မှာတင်ဆို နေရထိုင်ရကျဥ်းကြပ်ပြီး ပိုပြီးစိတ်လေနိုင်သည်.... ဒေါ်နွယ်နွယ်ခိုင်တစ်ယောက် ရိုးအကြောင်း စဥ်းစားရင် မသိမသာလေး သက်ပြင်းခိုးချနေမိသည်... ရိုးကို ဒီမကောင်းတဲ့ကံကနေ လွတ်မြောက်စေချင်ပြီဖြစ်သည်....
သားမိနှစ်ယောက် ကွပ်ပျစ်လေးပေါ်မှာပဲ အတူရှိနေတုန်း အိမ်ရှေ့ထဲမှ ခေါ်သံ ကြားလိုက်ရသည်....

Fall in Love 🖤Where stories live. Discover now