25 - Fall in Love 🖤

6.2K 390 27
                                    

(Unicode)

📲📲📲

အဆက်မပြတ်မြည်နေသော ဖုန်းRing tuneသံကို လျစ်လျူရှုရင်း ရှင်းတစ်ယောက် ပေမှိတ်ကာ အိပ်နေမိသည်... ကိုယ်ကြိုက်သော သီချင်းကို ring tune ထားထားပေမယ့် အိပ်နေတဲ့ချိန် ကြားရရင်တော့ ဘယ်လောက်ဘဲ ကြိုက်ကြိုက် ထိုသီချင်းသံက နားဝင်မချိုနိုင်တော့ပေ... ၆ခါ ၇ခါ မက အဆက်မပြတ်ဖုန်းလာနေတော့ ရှင်းတစ်ယောက် ဆက်၍အိပ်မပျော်နိုင်တော့... ဒေါသတကြီးဖြင့်သာ အိပ်ယာတစ်ဝိုက်တွင် ဖုန်းကိုလိုက်ရှာရင်း ကိုင်လိုက်တော့သည်... မျက်လုံးကတော့ ကောင်းကောင်းမဖွင့်သည်မို့ တစ်ဖက်က ဘယ်သူဆက်လဲဆိုတာ ရှင်းမသိပေ...

"ဘယ်သူလဲ..?
အစောကြီးရှိသေးတာကို ဘာလို့ အဆက်မပြတ် ဖုန်းတွေ ခေါ်နေတာလဲ..?"

"ငါ..ငါ... မေသူ...
နင်က အခုချိန်ထိ သေနေတုန်းလား..?
အခုဘာတွေဖြစ်နေလဲ နင်သိရဲ့လား..."

"ငါ အခုမှ နင်ဖုန်းဆက်လို့ နိုးတာလေ..
ဘာတွေဖြစ်နေလို့လဲဟာ.. အရေးမကြီးရင် ငါပြန်အိပ်တော့မယ်...."

"ဟဲ့.. ဟဲ့.. ဖုန်းမချနဲ့နော်..
အရေးကြီးလွန်းလို့ နင်ရှော့ရသွားနိုင်တယ်.. ငါတော့ မပြောတော့ဘူး...
နင့်ဘာသာ ဝင်ကြည့်လိုက်တော့.. ငါလိုင်းပေါ်ကနေ Link ပို့လိုက်မယ်... ကြည့်ဖြစ်အောင် ကြည့်နော်.. အခုပို့လိုက်မယ်.."

"အေးပါအေ...
ဘာတွေများ ဒီလောက် အရေးကြီးနေတာလဲ.."

"ငါပို့တဲ့Link ထဲသာ ဝင်ကြည့်လိုက်ပါ..
ငါပြောရင် နင်မယုံမှာစိုးလို့..."

"အေးအေး...
အဲ့ဒါဆိုလည်း ဝင်ကြည့်လိုက်မယ်..."

မေသူနဲ့ ဖုန်းပြောပြီး ရှင်း သူ့ဖုန်းကို Lock ဖွင့်လိုက်သည်... Lock ပွင့်သွားတာနဲ့တစ်ပြိုင်နက် Miss call များစွာနဲ့ SMS တွေကို အံ့အားသင့်စွာ မြင်လိုက်ရသည်... ထို Call log တွေထဲမှာမှ ရှင်းဒယ်ဒီနဲ့ မာမီရဲ့ ဖုန်းနံပါတ်တို့ကိုလည်း မြင်လိုက်ရသည်.. ဒါဆိုရင် မေသူပြောတဲ့ ရှော့ရလောက်တဲ့ထိ အရေးကြီးတယ်ဆိုတာ တကယ်ပင် ဖြစ်နေလောက်သည်... ရှင်းတစ်ယောက် စိုးရိမ်စိတ်နဲ့အတူ တဒိုင်းဒိုင်းခုန်လာတဲ့ ရင်ဘက်ကို လက်တစ်ဖြင့်ဖိထားရင်း လိုင်းဖွင့်လိုက်သည်... ထို့နောက်တော့ active now ဖြစ်နေတဲ့ မေသူရဲ့ Conversation ထဲ ဝင်ကာ အဆင်သင့်ပို့ထားတဲ့ Link ထဲသို့ ဝင်လိုက်တော့သည်... Linkထဲသို့ ဝင်လိုက်ချိန်မှာတော့ နာမည်ကြီး Online media တစ်ခုမှ တင်ထားသည့် Video file တစ်ခုကို တွေ့လိုက်ရသည်... Video ရဲ့ Caption မြာ ရေးထားသည်က... 'ပြည်ထောင်စုဝန်ကြီး၏ တစ်ဦးတည်းသော သမီးက မိန်းကလေးချင်း နှစ်သက်သူ (Lesbian) တစ်ယောက် ဖြစ်နေခဲ့ခြင်း..'

Fall in Love 🖤Where stories live. Discover now