7 - Fall in Love 🖤

8.2K 461 10
                                    

(Unicode)

5 AM...... 🕔🕔

"ဒေါ်ကြီး... မနက်စာ အဆင်သင့်ဖြစ်ပြီလား..? ဆရာက ဒီမနက် အစောပိုင်းအစည်းဝေးရှိတာမို့ စောစောသွားရမှာ..."

ဦးငယ်တစ်ယောက် မီးဖိုချောင်ပေါက်ဝကနေ ထမင်းချက်အဒေါ်ကြီးကို လှမ်းမေးလိုက်ခြင်းပင်....

"အားလုံး အဆင်သင့်ဖြစ်နေပါပြီ ဦးငယ်ရဲ့ ခူးခပ်ပြီး ထည့်ရုံပဲ...."

ရေခဲသေတ္တာထဲမှ အအေးတစ်ဗူးကို လှမ်းယူရင်း.. ရှင်းပြောလိုက်ခြင်း ဖြစ်သည်..
ထိုအခါမှ ဦးငယ်လည်း ရှင်းကို မြင်သွားပြီး...

"ဘုရားရေ.....
အခုပြောနေတာက ငါတို့ရှင်းလေးမှ ဟုတ်ရဲ့လား.... ? "

"ဟုတ်ပါတယ် ဦးငယ်ရဲ့...
သမီး ရှင်းမြင့်မိုရ် အစစ်ပါ..."

"ရှင်း​လေးရယ်.. အစောကြီးဘာထလုပ်တာလဲ? တော်ကြာ ရှင်း အစောကြီးထလို့ ရာသီဥတုတွေ ​ဖောက်ပြန်ကုန်မှဖြင့် ဦးငယ်တို့ ဒုက္ခရောက်နေပါ့မယ်...."

"ဟုတ်တယ် ဦးငယ်ရေ... သမီးရှင်းက မနက်၄နာရီထဲက ထပြီး ကူလုပ်ပေးနေတာ
ဒေါ်ကြီးလည်း မနက်စာသာ ချက်နေရတာ ကောင်းကင်းကို ခဏခဏ လှမ်းကြည့်နေရတယ် ဘယ်ချိန်မိုးတွေအော်ချမလဲလို့..."

"ဟာ.... ဦးငယ်နဲ့ ဒေါ်ကြီးနော်...
သမီးဆို ဖဲ့ဖို့ပဲ... ဒီကရှင်းလေးက အိပ်ရေးပျက်ခံပြီးတော့ အစောကြီးထပြီး ကူလုပ်ပေးနေတာကို မချီးကျူးတဲ့အပြင် ဝိုင်းလှောင်နေကြတယ်..."

"ဦးငယ်တို့က လှောင်တာမဟုတ်ပါဘူး.. ရှင်းလေးက မလုပ်စဖူးတွေလုပ်နေတော့ အံ့သြသွားလို့ပါ... ဒါနဲ့ နေပါဦး.. အခုလိုအစောကြီးထပြီး ဝိုင်းချက်ပြုတ်နေတာ ရိုးရောရိုးရဲ့လား...? "

"ဟီး..ဟီး.. ဒယ်ဒီ စိတ်ကြည်အောင်လို့လေ. သမီးက ဒီနေ့ မန္တလေးသွားတော့မှာဆိုတော့ ခဏလေးနဲ့ ပြန်မခေါ်အောင်လို့ မျက်နှာချိုသွေးမလို့...😁 "

"နေပါဦး မန္တလေးသွားမှာ..? ဦးငယ်တောင် မသိလိုက်ရပါလား..? "

"သြော်... မသိဆို.. ညကမှ ဒယ်ဒီနဲ့မာမီကို အပူကပ်ပြီး ပြောထားတာလေ.. ဒါတောင် မာမီက အင်တင်တင်ဖြစ်နေတာ သိပ်လွှတ်ချင်တာမဟုတ်ဘူး... ငိုမဲ့ မဲ့လိုက်မှ ကြည်ဖြူတာ... အာ့ကြောင့် မျက်နှာလုပ်ဖို့ အခုမနက်စာကူပြင်ပေးနေတာ..."

Fall in Love 🖤Where stories live. Discover now