3 - Fall in Love 🖤

9K 533 6
                                    

(Unicode)

2019 မှ 2020 သို့ ကူးပြောင်းသွားပြီ ဖြစ်တဲ့အတွက် ဟိုတယ်လုပ်ငန်းနဲ့ ခရီးသွားလုပ်ငန်းတွေ အရင်လိုမျိုး ပြန်ပြီး လည်လည်ပတ်ပတ်ရှိလာကြသည်...
ရိုးလည်း အရင်ပတ်ကမှ ပြင်သစ်က ဧည့်သည်တွေလာတာနဲ့ ပုဂံ ညောင်ဦးသို့ ၃ရက်လောက် ခရီးထွက်လိုက်ရသေးသည်..
အခုလည်း အလုပ်ခွင်ထဲမှာပဲ သူငယ်ချင်းဖြစ်သူ ဆုနှင်းရည်နဲ့ စကားဖောင်ဖွဲ့ ပြောနေကြသည်.. ရိုးနဲ့ ဆုနှင်းရည်နဲ့က အထက်တန်းကျောင်းထဲက အတူပေါင်းလာတဲ့သူတွေမို့ တစ်ယောက်အကြောင်းကို တစ်ယောက်က အစဆုံးသိကြသည်...
ဘာနေနေအမြဲတိုင်တိုင်ပင်ပင် ရှိသည်မို့ သူငယ်ချင်းဆိုတာထက် ညီအမလိုပင်ဖြစ်နေတော့သည်...နှစ်ယောက်သား အလုပ်တစ်ခုတည်း အတူလုပ်နေပေမယ့် ဆုနှင်းရည်က အင်္ဂလိပ် tour guide ဖြစ်တာမို့ တစ်ခါတစ်လေမှသာ တွေ့ဖြစ်ကြသည်.. ဒါ့ကြောင့် အခုလိုမျိုးဆုံတုန်းလေး စကားလုပြောနေကြခြင်းဖြစ်သည်....

ထိုစဥ် လုပ်ငန်းခွင်တွင် လုပ်ဖော်ကိုင်ဖက်ဖြစ်သည့် စန္ဒာဆိုသည့် ကောင်မလေးမှ..

"ရိုးရေ... MD ကခေါ်နေတယ် သူ့ရုံးခန်းကိုခဏလာခဲ့ပါဦးတဲ့..."

"ဟင်... ရိုးကိုလား..."

"အင်း..ဟုတ်တယ်..
ငါအခုမှ MD ရုံးခန်းကလာတာလေ အဲ့ဒါ နင့်ကိုလွှတ်လိုက်ပါဦးဆိုလို့..."

"ဟုတ်လား...? ဘာဖြစ်လို့လဲ .."

"အော်..အဲ့ဒါတော့ သွားကြည့်ပေါ့အေ.."

"အေးပါဟဲ့.. နင်များသိလားလို့ မေးကြည့်တာကို.....
ကဲ.. ဆုရေ.. ငါ သွားလိုက်ဦးမယ်.. ပြီးမှတွေ့ကြတာပေါ့.."

"အေးပါ..."

ထို့နောက် ရိုးလည်း MD ရုံးခန်းရှိရာသို့ ထွက်ခဲ့တော့သည်.. စိတ်ထဲမှာလည်း ဘာကြောင့်..? ဆိုတဲ့ မေးခွန်းတွေက ထပ်လို့နေသည်... ရိုးတစ်ယောက် ခြေလှမ်းသွက်သွက်ဖြင့် လျှောက်သွားရင်း ရုံးခန်းရှေ့သို့ အရောက်တွင်.....

"ဒေါက်....ဒေါက်...."

"ဝင်ခဲ့ပါ..... "

အခန်းတွင်းမှ အသံကြားတာနဲ့ ရိုးလည်း တံခါးဆွဲဖွင့်ကာ အထဲသို့ ဝင်လိုက်တော့သည်....

Fall in Love 🖤Where stories live. Discover now