5 - Fall in Love 🖤

8.5K 538 5
                                    

(Unicode)

ရှင်းတစ်ယောက် ဆူညံသံအချို့ကြောင့် အိပ်ယာထက်တွင် ဘယ်ညာလိမ့်နေတော့သည်.. အအိပ်မက်တဲ့ ရှင်းအတွက်တော့ အခုလိုစောစောစီးစီး ဆူညံသံတွေက အနှောက်ယှက်ဖြစ်နေတော့သည်... အသံကို သေချာနားထောင်ကြည့်မှ သီချင်းဆိုသံ မပါဘဲ သံစဥ်ကြည့် သက်သက်လာနေခြင်းပင်... ရှင်းလည်း အိပ်မရတော့တာကြောင့် အိပ်ယာမှထလိုက်ပြီး သံစဥ်လာရာသို့ နားစွင့်မိလိုက်​တော့ ဘေးကုတင်မှ အသံထွက်နေခြင်းပင်... ရှင်လည်း ထိုကုတင်နား ချဥ်းကပ်သွားလိုက်တော့ အိပ်ယာဘေးတွင်ချထားသည့် ဖုန်းမှ Alarm မြည်နေခြင်းပင်.. ရှင်းတစ်ယောက် ထိုဖုန်းကိုမြင်ပြီး ဖုန်းရော ဖုန်းပိုင်ရှင်ရောပါ ဒေါသထွက်သွား​တော့သည်.. သူ့ရဲ့အိပ်ချိန်တွေကို လာပြီးနှောက်ယှက်နေတာကိုး...

"ဟိတ်... ဒီမှာ.. ဖုန်း alarm လေး ဘာလေး ထပိတ်လိုက်ဦး.. ဆက်အိပ်လို့မရတော့ဘူး ဆူညံနေတာပဲ..."

ရိုးတံတစ်ယောက် ခရီးပန်းလာတာရယ် ညက စာခဏဖတ်လိုက်တာရယ်ကြောင့် alarm မြည်နေတာတောင် မနိုးတော့ဘဲ အိပ်ပျော်နေခြင်းဖြစ်သည်... ရှင်းလာနိူးမှသာ မျက်လုံးလေး ပေကလက် ပေကလက်ဖြင့် ကမန်းကတန်းထကာ alarm ပိတ်လိုက်တော့သည်...

"Sorry နော်.. တို့ကြောင့် အိပ်ရေးပျက်သွားပြီထင်တယ်.. ခါတိုင်းလည်း မနက်တိုင်း alarm ပေးပြီး ထနေကြမို့ ပိတ်ထားဖို့မေ့သွားတာ.. အခုကလည်း ညက အိပ်တာညဥ့်နက်သွားလို့မို့ မနိုးတာ..."

"ခါတိုင်းလည်း ဒီတိုင်းပဲလား.? Alarm ပေးပြီး မထဘဲ ဆက်အိပ်နေတာ... "

"တို့ ရှင်းပြပြီးပြီပဲ.. တို့ကိုအလုပ်ကိစ္စနဲ့ ပတ်သက်တာပဲ မေးပါ.. တခြားကိုယ်ရေးကိုယ်တာ ကိစ္စတွေမပေးပါနဲ့.."

" 😒😒.."

ရှင်းတစ်ယောက် မသိမသာလေး မျက်စောင်းလေးထိုးလိုက်ကာ မိမိကုတင်ဘက်သို့ ပြန်ဦးတည်လိုက်သည်.. နှုတ်မှလည်း တီးတိုးရေရွတ်ရင်းပေါ့....

"ဟွန်း... ပိုက်ဆံပေးပြီးငှားထားလို့သာပေါ့ မဟုတ်ရင် မလွယ်ဘူး.. သူသာ ကိုယ့်ရဲ့အထက်အရာရှိသာဆို ဒီနေရာမှာတင် လဲသေလောက်တယ်... တကယ်ပဲ မာနတွေထောင်လွှားနေလိုက်တာ..."

Fall in Love 🖤Where stories live. Discover now