4 - Fall in Love 🖤

8.7K 538 9
                                    

(Unicode)

"ဦးငယ်....ခဏ လာပါဦး..."

အခန်းရှေ့မှဖြတ်သွားသော ဦးငယ်ကို ရှင်းတစ်ယောက် အခန်းတံခါးဖွင့်ကာ ပေါက်ဝကနေ လက်ယက်ခေါ်လိုက်ခြင်းပင်....

"ဘာပြောမို့လဲ ရှင်းလေး....ဦးငယ် မအားဘူး.."

"ခဏလေးပါ ဦးငယ်ရယ်...
ဦးငယ်ကို ရှင်း မေးစရာလေးရှိလို့ပါ.."

"ကဲ... အဲ့ဒါဆို မြန်မြန်မေး..."

"ဟိုလေ... အခုတလော ဆံပင်ရှည်ရှည်နဲ့ ကောင်မလေးတစ်ယောက်ကို မြင်မိသလားလို့... နှစ်ရက်ရှိနေပြီ နောက်ကျောလေးပဲ မြင်မြင်နေတာ..."

"သြော်.... အဲ့ဒါသိချင်တာလား..
အဲ့မိန်းကလေးက ဒီနေ့ပြင်သစ်ဝန်ကြီးနဲ့ မိတ်ဆုံစားပွဲမှာ စကားပြန်လုပ်ပေးဖို့ ငှားထားတာလေ.. အရင်ကကောင်မလေးက အစာအိမ်အူအတက်ပေါက်လို့ ဆေးရုံတင်ထားရတာ.. အဲ့ဒါကြောင့် ဒီမိန်းကလေးကို ခေါ်ထားရတာ...."

"သြော်.... ဟုတ်😁😁.."

"ကဲ... နောက်ထပ်သိချင်တာ ရှိသေးလား.."

"ဒါပဲလေ..  ရှိတော့ဘူး.. 😁"

"ကောင်းပါပြီဗျာ... ဒါဆိုဦးငယ်သွားတော့မယ်.... ဒါနဲ့ ရှင်းလေး သေချာပြင်ဆင်ထားဦးနော်... ရှင်းလေးလည်း ထမင်းစားဝိုင်းမှာ အတူထိုင်ရမှာ..."

"အဲ့ဒါတွေ စိတ်ရှုပ်တာ လူကြီးတွေ နိုင်ငံရေးအကြောင်းပြောမှာကို ရှင်းက ကြားထဲကနေ ဘာလုပ်ရမှာလဲ..."

"သြော်... ဒီကလေးနဲ့...
ထမင်းပဲ ခဏဝင်စားရုံပါပဲ.. ထမင်းဖိတ်ကျွေးပြီးမှ သီးသန့်စကားဝိုင်းပြောမှာ..  ရှင်းတာဝန်က ထမင်းအတူတူဝင်စားပေးရုံပဲ... ဟုတ်ပြီလား ... "

"အဲ့ဒါဆိုလည်း ပြီးတာပါပဲ...
ရှင်းက ထမင်းဝိုင်းမှာပဲ စကားပြောကြမှာလားလို့..."

"ဟား...ဟား..ဒီကလေးကတော့  ထင်ချင်ရာထင်နေတယ်... ကဲ..ကဲ.. ပြင်ဆင်ထားလိုက်ဦး... ဦးငယ် သွားလိုက်ဦးမယ်..."

"ဟုတ်ကဲ့.. ဦးငယ်..."

ထို့နောက်တော့ ဦးငယ်ထွက်သွားသည်နှင့် ရှင်းလည်း အခန်းထဲပြန်ဝင်ကာ ရေမိုးချိုး ပြင်ဆင်လိုက်တော့သည်...

Fall in Love 🖤Where stories live. Discover now