14 - Fall in Love 🖤

7K 441 16
                                    

(Unicode)

"ခွပ်... ခွပ်... 👊🤜 "

"ဆရာတို့ တော်ပါတော့ဗျာ...
ကျွန်တော် တောင်းပန်ပါတယ်.. "

"ဟား... ဟား...
လုပ်ချင်တာလုပ်ပြီး အဲ့လိုတောင်းပန်လို့ရလားကွ... ဘယ်မလဲ ငါတို့ပိုက်ဆံ သိန်း350.. "

"ဟို... အဲ့ဒါက
ကျွန်တော့်ကို  အချိန်နည်းနည်းလောက် ထပ်ပေးလို့ရလားဟင်.. "

"ဘာ... ခဗျားက ပေးထားတဲ့အချိန်ထက်ကို ၃လ လွန်နေပြီနော်.. ဒါတောင် ခဗျားကထပ်ပြီး အချိန်တောင်းချင်သေးတာလား.. ကဲကွာ.. 👊👊 "

🎲♠🀄🃏 ကာစီနိုဝိုင်းမှ အလောင်းကစား ပေါင်းစုံဆော့ကာ အကြွေးသိန်း350 တင်ခဲ့ရသော ဦးမင်းသူရဲ့ အဖြစ်ပျက်ပင်... အကြွေးပြန်ဆက်ဖို့ ပေးထားသောအချိန် ၂လအပြင် နောက်ထပ် ၃လ ပါ မပေးဘဲ ထွက်ပြေးတိမ်းရှောင်နေတာကြောင့် စည်သူမင်းထွေးရဲ့ တပည့်တပန်းတွေမှ လိုက်ရှာပြီး ဆုံးမနေခြင်းဖြစ်သည်.... မိန်းမနဲ့ကလေးတစ်ယောက်ရှိပြီး သာမန်ဝန်ထမ်းဘဝမို့  ထိုမျှပိုက်ဆံက ဦးမင်းသူအတွက် အတော်ပင် ခက်ခဲနေလေတော့သည်... အလောင်းကစားဆိုသည်မှာလည်း ပထမပိုင်းမှာ အနိုင်ရတတ်ပြီး နောက်ပိုင်းမှာတော့ နိုင်ထားတာနဲ့မကာမိအောင် ပြန်ရှုံးတတ်သည့် အထာလေးတွေက ရှိနေတတ်ပြန်သည်.. ထို့ကြောင့် ဦးမင်းသူသည်လည်း အလောင်းကစားဝိုင်းမှာ မျက်စိသူငယ်နဲ့ သားကောင်ဖြစ်ခဲ့ရသည် ....

"ဒီမယ်.. ဟေ့လူ...
ခဗျား ဒီတစ်ပတ်အတွင်း သိန်း350လုံးကို တစ်ပြားတစ်ချပ်မှ မချန်ဘဲ ရှာပေးမလား... ဒါမှမဟုတ်ရင်လည်း ခဗျားမိန်းမနဲ့ ၁၀နှစ်တောင်မပြည့်သေးတဲ့ ခဗျားသမီးလေးရဲ့ အသက်ကို ပေးမလား... အဲ့နှစ်ခုထဲက ကြိုက်တာရွေးဗျာ...."

"အဲ့လိုတော့ မရက်စက်ကြပါနဲ့ဗျာ.. ကျွန်တော့်ကိုသာ ကြိုက်သလောက် လုပ်ကြပါ.. မိန်းမနဲ့ ကလေးကိုတော့ မထိကြပါနဲ့... ကျွန်တော် ရှိကြီးခိုးပြီး တောင်းပန်ပါတယ်.. "

"ဟား.. ဟား.. အဲ့လိုတောင်ပန်းရုံနဲ့ ရရိုးလားကွ... ဟေ....
ဒါပေမယ့် ခဗျားကို အဲ့နှစ်လမ်းစလုံးအပြင် တစ်ခြားရွေးချယ်စရာတစ်ခု ထပ်ပေးမယ်.. "

Fall in Love 🖤Where stories live. Discover now