Final Part - (unicode)

16K 787 257
                                    

(Fall in Love 🖤)

ဒီ ficလေးကို ၂လလောက် ပစ်ထားလိုက်တာမို့ အဆက်စပ်ရှိအောင် ရှေ့က part-26 လေးကို ​ပြန်ဖတ်လိုက်ကြပါဦးနော် 😁 တော်ကြာ ဘာမှန်းမသိဖြစ်နေမှာစိုးလို့.. ဇာတ်သိမ်းဆိုတော့ အများကြီးရေးထားတယ်.. အေးဆေးဖတ်ကြပါနော်😁💛

ℹℹℹℹℹℹℹℹℹℹℹℹℹℹℹℹℹℹℹℹℹℹℹℹℹℹℹℹℹℹℹℹℹℹℹℹℹℹ

"ဟင့်အင်း... မလုပ်ကြပါနဲ့..
မ,ကို ရှင်းနဲ့အဝေးကြီးဆီ ခေါ်မသွားကြပါနဲ့...😭 ကျေးဇူးပြုပြီး ရှင်းတို့ကို မခွဲကြပါနဲ့....."

ရှင်းရဲ့စကားသံကို တစ်ဖက်လူတွေ နားမဝင်သည့်အလား ရိုးကို ရှင်းဆီမှ ဆွဲခေါ်သွားခဲ့ကြသည်... ရိုးကိုယ်တိုင်ကလည်း မငြင်းဆန်ဘဲ ထိုလူတွေခေါ်ဆောင်ရာ နောက်သို့ အသာတကြည် လိုက်သွားခဲ့သည်... အေးစက်လွန်းလှတဲ့ အနေထားဖြင့် အနောက်မှာကျန်ရစ်ခဲ့သည့် ရှင်းကို တစ်ချက်လေးတောင် လှည့်ကြည့်ဖော်မရတဲ့ ရိုးတံရယ်ပါ.....

မိမိအား ကျောခိုင်းထွက်သွားခဲ့တဲ့ ရိုးကိုကြည့်ပြီး ဆုံးရှုံးရတော့မယ်ဆိုသော အသိဖြင့် ရှင်းတစ်ယောက် အာခေါင်ခြစ်ကာ စူးစူးဝါးဝါးလှမ်းအော်လိုက်တော့သည်...

"မ,.... ရှင်းက ဒီမှာလေ...💢
ဘာလို့ ရှင်းကို ထားခဲ့တာလဲ...
မ,ပြန်လာခဲ့ပါ.... ရှင်းခေါ်နေတာကြားရဲ့လား... မ, ...."

🏵🏵🏵🏵🏵🏵

"ကလေး... မ, ဘယ်မှ မသွားဘူး...
ကလေးနားမှာပဲ ရှိတယ် ဟုတ်ပြီလား... ကလေး အိမ်မက်ဆိုးတွေ မက်နေပြီထင်တယ်... ဘာမှမကြောက်နဲ့တော့နော် ... မ,ရှိတယ်... "

ရုတ်တရက် ချွေးစီးချွေးပေါက်တွေကျကာ အိပ်ယာထဲမှာတင် မျက်လုံးမဖွင့်ဘဲ ကယောင်ကတမ်း အော်ဟစ်နေတဲ့ ရှင်းကို ရိုး အလိုက်တသိပင် စကားလေးပြောပြီး နဖူးထက်မှဆံပင်အချို့ကို သပ်တင်ပေးလိုက်သည်... ထိုအချိန်မှာပဲ ရှင်း မျက်လုံးလေးပွင့်လာရင်း....

"ဟင်.... မ "

"အင်း... ကလေး..."

"ဒါ.. အိမ်မက်လား? တကယ်လားဟင်?.."

"တကယ်ပါ ကလေးရယ်...
မ, ကလေးရှေ့တည့်တည့်မှာ ရှိနေပါတယ်... ဘာမှမစိုးရိမ်နဲ့နော်.. ခုနက ကလေး ဘာတွေများ အိမ်မက်မက်လို့ ယောင်ယမ်းပြီး အော်နေတာလဲ..?"

Fall in Love 🖤Where stories live. Discover now