15 - Fall in Love 🖤

8K 449 21
                                    

(Unicode)

"ဟင်.. မရိုး 😳 "

"ဟို... အင်း.. ရှင်း "

"မရိုး ဟုတ်ပါတယ်နော်..
အခု ရှင်းရှေ့မှာရောက်နေတာ မရိုး အစစ်ဟုတ်ပါတယ်နော်.. "

"မရိုးက အတုရှိသေးလို့လား ရှင်းရဲ့.. "

"ဒါဆို အစစ်ပေါ့နော်... အခုက အိမ်မက်မဟုတ်ပါဘူးနော်... ပြီးတော့ မရိုးက ဘယ်ကဘယ်လို ရှင်းအခန်းမှာ ရောက်နေတာလဲ... "

"ဘယ်လို ရောက်ရမှာလဲ.. ဆိုင်ကယ်စီးပြီး ရောက်လာတာပေါ့..."

ရှင်းတစ်ယောက် မယုံသက်ာနဲ့ ကိုယ့်ကိုကိုယ် ဆွဲဆိတ်ကြည့်တော့သည်...

"အာ့... နာတယ်ဟ.."

ရိုးကတော့ ကလေးတစ်ယောက်လို ပြုမူနေတဲ့ရှင်းကို ကြည့်ပြီး သဘောကျကာ ရယ်နေတော့သည်... ထို့နောက် လက်ထဲမှ စွတ်ပြုတ်ပန်းကန်ကို ကုတင်ဘေးက စားပွဲပေါ်သို့ တင်လိုက်တော့သည်... ပန်းကန်တင်နေရင်းနဲ့မှ အကြည့်တို့က မီးအိမ်ဘေးက 4"×6" sizeရှိတဲ့ မှန်ဘောင်သွင်းထားတဲ့ ဓာတ်ပုံလေးဆီသို့ ရောက်သွားတော့သည်.. ထိုဓာတ်ပုံကို စိတ်ထဲ ရင်းနှီးနေသလို ရှိတာကြောင့် ယူကြည့်မိလိုက်တော့.....

"ဟင်... ဒါက.. "

"ဒါက.. ဘာဖြစ်လဲ 😁 "

"ဒါက အမ ငယ်ငယ်တုန်းကပုံပဲ..
ရှင်းဆီ ဘယ်လိုရောက်နေတာလဲ.. နောက်ကျောပဲ ပါနေပေမယ့် အမဆိုတာတော့ သေချာတယ်... "

"ခနစောင့်.. မရိုးကို ရှင်း.. ​ပြစရာရှိတယ်..."

ရှင်းတစ်ယောက် အိပ်ယာမှ အမြန်လူးလဲထပြီး ဗီဒိုအောက်ထပ်ရဲ့ အံဆွဲလေးထဲမှ ဂျပ်ဗူးလေးကို ယူပြီး ရိုးကို ထိုဂျပ်ဗူးလေး ပေးလိုက်တော့သည်...

"ဒါက ဘာလဲ.. "

"သိချင်ရင် ဖွင့်ကြည့်လိုက်လေ မရိုးရဲ့.."

ပေကပ်ပြီး မပြောဘဲ ဖွင့်ခိုင်းနေတာကြောင့် ရိုးလည်း မျက်စောင်းလေးထိုးကာ ထိုဂျပ်ဗူးလေးကို ဖွင့်လိုက်တော့သည်...

"ဟင် ဒီဖိနပ်လေးက တစ်ရက်ပြည့်အောင်တောင် မစီးလိုက်ရတဲ့ အမရဲ့ ဖိနပ်လေးပဲ.."

"ဟား..ဟား.. မရိုး မှတ်မိတယ်လား..
အဲ့ဖိနပ်လေးကို.."

"မှတ်မိတာပေါ့...
ဒါဆိုရင် အဲ့တုန်းက ညီမလေးက.. ?"

Fall in Love 🖤Where stories live. Discover now