19 - Fall in Love 🖤

7K 414 29
                                    

(Unicode)

သူမရဲ့ အကျင့်တွေကို ပြင်ပေးမယ်ဆိုပြီး ဆုံးဖြတ်ထားကာမှ ကိုယ်ပါရောယောင်ပြီး သူ့အကျင့်တိုင်း ဖြစ်နေခဲ့ပြီ... ကိုယ့်ကိုကိုယ် သတိမထားမိလိုက်ခင်မှာပဲ ကိုယ်ဟာ အရက် ဘီယာတွေကို အရင်ကထက် ပိုပြီး သောက်နိုင်နေပြီ... သူ့အကျင့် သူ့အလိုက်ဆောင်နေရင်း ကိုယ့်ရဲ့ အမူအကျင့်တွေက မှေးမှိန်ကုန်ခဲ့ပြီ... သူမ စိတ်ကျေနပ်ရင်ပြီးရော.. သူမ ပျော်နေရင်ပြီးရော.. ဆိုပြီး အရာရာကို အလျော့ပေးနေမိပြီ... ချစ်မိသွားပြီဆိုရင် လူတွေက ကိုယ်ချစ်ရတဲ့သူ ပျော်နေရင်ပြီးရောဆိုပြီး ကိုယ့်ကိုကိုယ်တောင် neglect လုပ်ပစ်ကြတာမျိုးလား..?

✂✂✂✂✂✂✂✂

"ရိုး.. နင့်လူက မလာသေးဘူးလား..."

"အေးလေဟယ်... ၉နာရီ ချိန်းထားတာကို.. အခု ခွဲတောင်ခွဲတော့မယ်..."

"နင်တို့ကလည်း သူအကြောင်းရှိလို့ နောက်ကျတာနေမှာပါ... စားစရာရှိတာသာစားကြပါအေ..."

"ငါတို့တွေတင် အရင်စားနေတော့ အားနာစရာကြီးလေ.. ဖုန်းဆက်ကြည့်လိုက်ပါ့လား ရိုး..."

"သူလာနေလောက်ပါပြီဟ... အကြောင်းရှိရင် သူဖုန်းဆက်ပြောမှာပါ... ငါဖုန်းတစ်ဂွမ်ဂွမ်ဆက်လိုက်မှ ကလေး စိတ်ရှုပ်သွားမှာစိုးလို့..."

"အမလေး... က​လေးတဲ့..
ငါပြောမိတာမှားပြီထင်တယ် စန္ဒာရေ..."

"ဟုတ်တယ် ဆု...
ငါတို့ငြိမ်နေတာပဲ ကောင်းတယ်.. မဟုတ်ရင် သူပြောတာတွေ နားထောင်ပြီး ထပြန်ရမယ့်ကိန်းဆိုက်နေပြီ..."

"နင်တို့ကလည်းနော် ငါဒီလောက်လေး ပြောနေတာကို ပုံကြီးချဲ့နေပြန်ပါပြီ....

ဟော.. ဟိုမှာ ငါ့ရဲ့ ကလေး လေး လာနေပါပြီ.."

ဆုနဲ့စန္ဒာနဲ့က ဘေးချင်းကပ်ရပ် ထိုင်နေပြီး ရိုးက မျက်နှာချင်းဆိုင်မှာ ထိုင်နေတာမို့ တစ်ဖက်က လာနေတဲ့ ရှင်းကို ရိုးကပဲ မြင်ရသည်... ရိုးပြောလိုက်တော့ ကျန်တဲ့နှစ်ယောက်လည်း ရှင်းကို နောက်ပြန်လှည့်ကြည့်ကြသည်... ၁၉နှစ်မျှသာရှိသော အသက်ရွယ်နှင့် လိုက်ဖက်အောင် ဝတ်စားထားသော Fashion တို့က အရမ်းကို Smart ကျနေတော့သည်... မသိရင်တော့ ရှင်းဆိုတဲ့မိန်းကလေးက မာနကြီးသည့် လုပ်ငန်းရှင်တစ်ယောက်ပုံစံမျိုးပင်...

Fall in Love 🖤Where stories live. Discover now