(Unicode)
ရှင်းတို့အုပ်စု မန္တလေးပြန်ရောက်တော့လည်း ရိုးတံဘက်မှ စာဆက်သင်ဖို့ ဖုန်းဆက်မလာတာကြောင့် ရှင်းဘက်ကလည်း အလုပ်တစ်ဖက်နဲ့ မအားသေးဘူးထင်၍ ဒီတိုင်းပဲ စောင့်နေလိုက်သည်... မြိတ်ကပြန်လာပြီး အိမ်မှာတစ်ရက်လောက် နားပြီးတာနဲ့ အုပ်စုလိုက် မြို့ထဲလျှောက်လည်နေကြတော့သည်.. ညနေရောက်တော့လည်း ကျုံးဘေးမှာ Skate စီးမယ်ဆိုကာ အုပ်စုလိုက် ထွက်ခဲ့ကြတော့သည်.. ဒီတစ်ခါတော့ ဦးငယ်လည်း ရှင်းမာမီရဲ့ မန္တလေးဘက်က Company ကို တစ်လှည့်ဝင်ကူနေတာကြောင့် ရှင်းကို သူ့သူငယ်ချင်းတွေနဲ့ပဲ ခဏလွှတ်ထားလိုက်တော့သည်...
တောင်ဘက်ကျုံးနဲ့ အရှေ့ဘက်ကျုံးကို ခေါက်တို့ခေါက်ပြန် Skateစီးနေကြရင်းနဲ့မှ ၇ နာရီ အချိန်သို့ ရောက်လာတော့သည်... မင်းခနဲ့မေသူတို့နှစ်ယောက်က skate shoe ကိုသာစီးကြပြီး ကျန်တဲ့သုံးယောက်ကတော့ Skateboard များနဲ့သာ.....အရှေ့ဘက်ကျုံးအရောက်မှာတော့ မေသူတစ်ယောက် ရှေ့ကနေ အရင်ပြေးစီးကာ နောက်ကကျန်တဲ့သူများကို မျက်နှာပြောင်ပြနေတော့သည်... တစ်ယောက်နဲ့တစ်ယောက် အော်ဟစ်စကားပြောနေကြတာမို့ အရှေ့ဘက်ကျုံးမှာက ရှင်းတို့အဖွဲ့နဲ့တင်ကို တော်တော်လေး စည်းကားနေတော့သည်... တစ်နေရာအရောက်မှာတော့ မေသူတစ်ယောက် ရှင်းတို့ကို မျက်နှာချင်းဆိုင်ပြီး Skateကို နောက်ပြန်စီးနေရာမှာ လူတစ်ယောက်နှင့် တိုက်မိသွားတော့သည်... တစ်ဖက်ကလူကလည်း ဖုန်းသုံးနေတာကြောင့် လက်ထဲမှ ဖုန်းကပြုတ်ကျသွားတော့သည်... ဖုန်းကိုပြန်ကောက်ယူလိုက်တော့ ဖုန်းအတွင်းမှန်ထိပါ ကွဲသွားတာကြောင့် ဒေါသထွက်ထွက်ဖြင့် မေသူ့ကို ပစ်တွန်းလိုက်တော့သည်... မေသူကလည်း ရုတ်တရက်အတွန်းခံလိုက်ရတဲ့အပြင် Skateစီးထားတာကြောင့် ဟန်ချက်ပျက်ကာ လဲကျသွားတော့သည်.. ဖင်ထိုင်ရက်ကျသွားတာကြောင့် တင်အောင့်သွားတဲ့အပြင် skateကြောင့် ချက်ချင်းပြန်ထမရတာကြောင့် ထိုနေရာမှာတင် လဲနေတဲ့အတိုင်း ရှိနေတော့သည်... ဒါကို ရှေ့ကနေ အစဆုံးမြင်လိုက်တဲ့ရှင်းက ထိုလူနားကို အမြန်သွားကာ....
"ဟေ့လူ... ဒါဘာလုပ်တာလဲ..
ခဗျားတွန်းလိုက်တာ မိန်းကလေးတစ်ယောက်နော်... "
YOU ARE READING
Fall in Love 🖤
General Fiction(Unicode ) မြန်မာနိုင်ငံ ပြည်ထောင်စုဝန်ကြီးရဲ့သမီးလေးနဲ့ ပြင်သစ်စကားပြန်မလေးတို့ရဲ့ မတူညီတဲ့အခြေနေနှစ်ခုကြားထဲမှ ဖြစ်ပေါ်လာတဲ့အချစ်တစ်ခုက ချောမွေ့လွယ်ကူမလား...? ခက်ခဲကြမ်းတမ်းမလားဆိုတာ....? (Zawgyi) မြန်မာနိုင်ငံ ပြည်ထောင်စုဝန်ကြီးရဲ့သမီးလေးနဲ့ ပြင်...