12 - Fall in Love 🖤

7K 444 14
                                    

(Unicode)

ရိုးတစ်ယောက် လမ်းထိပ်ရောက်တာနဲ့ သက်ပြင်းအရှည်ကြီး ချမိလိုက်သည်.. ရိုးရဲ့ ဆုတောင်းတွေ မပြည့်ခဲ့ပါ.. လမ်းထိပ်တွင် စည်သူမင်းထွေးတစ်ယောက် ရောက်နှင့်နေပြီဖြစ်သည်...

"ရိုးတံ ခဏလေးနေပါဦး..."

"ကိုစည်သူ.. ကျွန်မကို ဘာပြောစရာရှိသေးလို့လဲ မသိဘူးနော်.. "

"ပြောစရာကတော့ မနေ့ကစကားကိုပဲ ထပ်ပြောရမှာ... ကို ရိုးတံကိုချစ်တယ်.. ကို့ကို ရိုးတံရဲ့ အိမ်ထောင်ဖက်အဖြစ် စဥ်းစားပေးပါနော်... "

"ဒီမယ် ကိုစည်သူ....
ရှင် ဘယ်နှခါပြောပြော ကျွန်မရဲ့အဖြေကလည်း sorry ဆိုတဲ့ စကားတစ်ခွန်းပဲ ထွက်လာလိမ့်မယ်... ကျေးဇူးပြုပြီး ကျွန်မကို မနှောက်ယှက်ပါနဲ့လား.. ကိုစည်သူရဲ့ အခြေနေနဲ့ဆို မိန်းမ မရှားလောက်ပါဘူး..."

"ကိုကလည်း မိန်းမတွေအများကြီးထဲကကိုမှ ရိုးတံလေးကိုပဲ ချစ်နေမိတာ.. ရိုးတံရဲ့အချစ်ကို ရဖို့ဆိုရင် ဘာကိုပဲလုပ်ရလုပ်ရပါ.. ရိုးတံသာတစ်ခွန်းပြောလိုက်.. ကိုက အကုန်ဖြည့်ဆည်းပေးမှာ..."

"ဒါဆိုလည်း ကျွန်မကို နောက်ထပ်မနှောက်ဘဲ မသိသလိုပဲ နေပေးလို့ရလား..."

"ဒါတော့ဘယ်ရမလဲ ရိုးတံရဲ့..
ကိုက ရိုးတံကို ချစ်နေတာလေ.. နောက်ရက်တွေမှာလည်း ရိုးတံဆီကနေ အဖြေမရမချင်း နေ့တိုင်းအခုလို လုပ်နေမှာပဲ..."

"ရှင် ဒီလိုပဲ ကလေးဆန်ဆန်အပြုမူတွေ လုပ်နေမှာလား... ရှင့်ရဲ့အချိန်တွေကို တခြားနေမှာပဲ ဖြုန်းတီးသင့်တယ်လို့ထင်တယ်.. အခုတော့ ကျွန်မသွားလိုက်ပါဦးမယ်..."

စကားဖြတ်ပြီးတာနဲ့ ရိုးတစ်ယောက် ထိုနေရာမှ အမြန်မောင်းထွက်လာခဲ့သည်... မနေ့က စည်သူမင်းထွေးတစ်ယောက် ကားနဲ့လာ၍ အဆင်မပြေသဖြင့် ဒီနေ့တော့ ဆိုင်ကယ်ယူလာခဲ့သည်... သေချာပါသည် စည်သူမင်းထွေးတစ်ယောက် ရိုးရဲ့ဆိုင်ကယ်ဘေးကနေ ကပ်လိုက်လာပြီး တစ်လမ်းလုံး စကားလိုက်ပြောနေတော့မယ်ဆိုတာ.......

〰〰〰〰〰

ရိုး... ဒီနေ့လည်း စာသင်ရတာ စိတ်မပါပေ.. မနက်ဖြန်တစ်ရက်တော့ အခြေနေ စောင့်ကြည့်ရပေဦးမည်... အကယ်၍ စည်သူမင်းထွေးသာ ဆက်ပြီးအနှောက်ယှက်ပေးနေဦးမယ် ဆိုရင်တော့ စိုင်းခန့်နောင်ကို အသိပေးရတော့ပေမည်.. ပြသနာမဖြစ်ချင်ပေမယ့်လည်း အခုလို လူကဲ့ရဲ့မည့် ပုံစံမျိုးနဲ့တော့ အမြင်မခံနိုင်ပေ... ထိုနေ့လည်း စာသင်ချိန်ကို တိတ်တဆိတ်သာ ကုန်ဆုံးလိုက်ကြသည်....

Fall in Love 🖤Where stories live. Discover now