8 - Fall in Love 🖤

7.4K 443 9
                                    

(Unicode)

"အာ့.... နာတာ..."

စာသင်ရင်း အိပ်ငိုက်နေတဲ့ရှင်းကို ရိုး လက်ထဲမှ ball pen ဖြင့် နဖူးကိုတစ်ချက်တောက်လိုက်ရင်း.....

"ငိုက်နေတာ တော်လိုက်တော့နော် ရှင်း...
ကြည့်နေတာ အကောင်းမှတ်နေတာလားမသိဘူး... စောစောစီးစီး ငိုက်နေတယ်..."

"ဟာ.... မရိုးကလည်း.. ရှင်း မငိုက်ပါဘူး.."

"ဟယ်... မငိုက်ဘူးသာပြောတယ် သွားရည်တွေကို ကျလို့... "

"ဟင်.... ဘယ်မှာလဲ.. "

ရှင်းတစ်ယောက် ရိုးစကားကြောင့် ယောင်ယမ်းပြီး လက်ဖြင့် နှုတ်ခမ်းတစ်ဝိုက်ကို လိုက်သုတ်မိလိုက်သည်....

"ဟား....ဟား... ရှင်းကတော့နော်...
ကိုယ့်ကိုကိုယ် သွားရည်ကျလား မကျလားကို မသိတော့ဘူး..."

"မရိုးနော်..ရှင်းကို ဂျင်းထည့်တယ်...
ဘာ သွားရည်မှ မကျဘဲနဲ့ကို..."

"ရှင်းကလည်း အမပြောတာကို ယုံတာကိုး. အိပ်ငိုက်တယ် မငိုက်ဘူးဆိုတာ သိသာတယ်..."

"မရိုးကလည်း...."

"မဟုတ်လို့လား... ရှင်းက စောစောစီးစီး ငိုက်နေတာလေ..."

"ခဏလေးပဲ မျက်လွှာဆင်းသွားတာကို ငိုက်တယ်လို့ မခေါ်ပါဘူး မရိုးရဲ့...
လောလောဆယ်တော့ မရိုးရဲ့ ရိုက်ချက်ကြောင့် ရှင်း နဖူးလေး နာသွားပြီ... ဖုတွေဘာတွေများ ထွက်နေပြီလားမသိဘူး..."

"ပြစမ်းပါဦး.. နဖူးအရိုးအက်သွားလားမသိဘူး.. ကြည့်ကြည့်ဦးမယ်..."

"ဟာ... မရိုးနော်.. ရှင်းကို လာရွဲ့ပြနေတယ်..."

"မရွဲ့ပါဘူး... အမက ရှင်းအိပ်ချင်ပြေအောင် စ,နေတာပါ..."

"ဒါဆိုလည်း အပြင်ထွက် မုန့်စားရအောင်.."

"ဟင်... ဘာမှလည်း မဆိုင်ဘူး.. "

"မဆိုင်လည်း သွားရအောင်လေ...
မရိုးနဲ့စာသင်တာ တစ်လတောင်ကျော်နေပြီ.. တစ်ခါမှကို မရိုးနဲ့ အပြင်မထွက်ဖူးသေးဘူး... ဒီနေ့တော့ မုန့်လေးဘာလေး ထွက်စားရအောင်လေ...နော်... မရိုး.."

မျက်နှာငယ်လေးနဲ့ ကလေးငယ်တစ်ယောက်လို ချွဲပြီးပြောနေတာကြောင့် ရိုး အားရပါးရ ပြုံးလိုက်ရင်း....

Fall in Love 🖤Where stories live. Discover now