9 - Fall in Love 🖤

7.4K 444 3
                                    

(Unicode)

"ဦးငယ် ဟိုမှာ... ရှင်းလေး....."

ရိုးနဲ့ ဦးငယ်တို့ စကားပြောနေကြရင်းနဲ့မှ ရုတ်တရက် လူတစ်ယောက်ကြောင့် ရှင်း လမ်းမပေါ် လဲကျသွားတာ မြင်လိုက်တော့ ရိုးရဲ့ပါးစပ်ဖျားမှ စိုးရိမ်ကြီးစွာထွက်ကျသွားသော စကားတစ်ခွန်း..... ရိုး တစ်ခါမှ မသုံးဖူးသေးသော 'ရှင်းလေး' ဆိုတဲ့ နာမ်စားလေးကို ရုတ်တရက်ပြောထွက်သွားတာကိုတော့ ဦးငယ်ရော ရိုးကိုယ်တိုင်ပါ သတိမထားမိလိုက်ပါ......
ဦးငယ်လည်း ရှင်း လဲကျသွားတာမြင်တော့ စားပွဲဝိုင်းမှ အမြန်ထကာ ရှင်းရှိရာလမ်းဘက်သို့ အမြန်ကူးသွားလိုက်တော့သည်... ထို့နောက် တစ်ဖက်က ဝင်တိုက်တဲ့သူရဲ့ အင်္ကျီကော်လံစကို ဆွဲကိုင်ရင်း လက်သီးဖြင့် ထိုးရန် ဟန်ပြင်နေတုန်းမှာပဲ......

"မလုပ်နဲ့ .. ဦးငယ်... "

ရှင်း အလန့်တကြားအော်လိုက်တာကြောင့် မာန်ပါပါရွယ်ထားသော ဦးငယ်ရဲ့ လက်သီးချက်များကို ပြန်ဖြေလျော့လိုက်ရင်း....

"ဘာလို့လဲ ရှင်းလေးရ .."

"အဲ့ဒါ သမီး သူငယ်ချင်း...

မင်းခ... နင်... နင် ဟုတ်တယ်မလား.."

"ငါပေါ့ဟ... ဘယ်သူရှိရမှာလဲ....
နင်ဟာ ဘယ်တုန်းက ပြန်ရောက်နေတာလဲ.. ငါတို့လည်း အကြောင်းမကြား ဘာမကြားနဲ့ နေနိုင်လိုက်တာ.. လာပါဦး.. အလွမ်းသယ်ဦးမယ်...."

ပြောရင်းပင် မင်းခမောင်တစ်ယောက် ရှင်းကို မာန်ပါပါနဲ့ သိုင်းဖက်လိုက်တော့သည်.. ရှင်းကလည်း သူငယ်ချင်းအရင်းကြီးကို ပြန်တွေ့တာကြောင့် ဝမ်းသာအားရဖြင့် ပြန်၍ သိုင်းဖက်လိုက်တော့သည်... အတန်ကြာအောင် ဖက်ထားပြီးမှ နှစ်ယောက်သား ကိုယ်ကိုပြန်ခွာကြရင်း....

"ကဲ.... မြင့်မိုရ်.. ပြောပါဦး....
နင် ဘယ်တုန်းထဲက ဒီကိုပြန်ရောက်နေတာလဲ... အဲ့ဒါ ငါ့ကို အခုပြော..."

"အဲ့ဒါတွေ ခဏထားပါဦး....
နင်က အခု ဘာတွေ အလောတကြီးရှိနေလို့ လူရှုပ်တဲ့ဈေးထဲကို ပြေးလွှားနေရတာလဲ.."

"ဟိုက်... သွားပြီ
နင့်မြင်တာနဲ့ပဲ ငါ့ကိစ္စတောင် မေ့သွားတယ် ငါ့ညီမ ဘယ်ကျန်ခဲ့လဲ မသိဘူး..."

Fall in Love 🖤Where stories live. Discover now