6 - Fall in Love 🖤

8.1K 488 4
                                    

(Unicode)

နေပြည်တော်လေဆိပ်သို့ လေယာဥ်ဆိုက်တာနဲ့ ရှင်းတစ်ယောက် ဂဏှာမငြိမ် ဖြစ်နေတော့သည်... သူ့ဒယ်ဒီကို လာကြိုခိုင်းထားပေမယ့် အလုပ်များသူမို့ ရှင်းကိုလာမကြိုနိုင်ပေ... မအားတာသိသိရက်နဲ့ လာကြိုခိုင်းပြီး အခွင့်ရေးယူ စိတ်ကောက်ကာ လုပ်ချင်တာလုပ်ရဖို့အတွက် အိမ်ရောက်ရင်တော့ ရှင်းတို့ နားပူနားဆာလုပ်တော့မည် ဖြစ်သည်... ရှင်းတစ်ယောက် လေယာဥ်ဆိုက်ကထဲက မြူးကြွနေတာမို့ ဦးငယ်တစ်ယောက်ကတော့ မျက်ခုံးလှုပ်နေတော့သည်

"ဟိုလေ... ရှင်း..
အမကို.. အမရဲ့သူငယ်ချင်းတစ်ယောက်အိမ်ကိုပဲ ဝင်ချပေးပါ့လား.. ဒီညသူ့ဆီမှာပဲ တည်းမလို့.. မနက်ကျလည်း မန္တလေးပြန်ရ​တော့မှာ ဆိုတော့....."

"ဟင်.... မဖြစ်ပါဘူး... "

"ဘာဖြစ်လို့လဲ လမ်းမကြုံမှာစိုးလို့လား...
အဲ့ဒါဆိုလည်း အမဘာသာပဲ သွားလိုက်မယ်လေ ရတယ်.. "

"မဟုတ်ဘူး.. အဲ့လိုပြောတာမဟုတ်ဘူး...
မရိုး.. ရှင်းတို့အိမ်မှာပဲ တစ်ခါထဲတည်းလိုက်.. ပြီးရင် နောက်ရက်ကျ ရှင်းတို့နဲ့​အတူ မန္တလေး လိုက်ခဲ့လိုက်တော့လေ..."

ရှင်းမှာ တစ်လမ်းလုံး မစားမသောက်နဲ့ စဥ်းစားခဲ့ရတဲ့ အကြံလေးကိုတော့ အခုလို လွယ်လွယ်နဲ့ အဖျက်မခံနိုင်ပေ.. မရ ရအောင်တော့ ဆွဲခေါ်ထားရပေမည်...

"ရှင်းလေး... မန္တလေး သွားမှာလား.. ဆရာ့ကိုရော် ပြောပြီးပြီလား.. ဦးငယ်တောင် ဘာမှမသိလိုက်ရဘူး..."

"မန္တလေးသွားဖို့ကိုတော့ မပြောရသေးဘူး အိမ်ရောက်မှ ဒယ်ဒီ့ကို မေမေကြီးဆီသွားနေမယ်ဆိုပြီး ပြောမှာ..."

"ဆရာက ခွင့်ပြုပါ့မလား.. ပြီးတော့ ဆရာကတော်ကလည်း ခွင့်ပြုမယ့်ပုံ မပေါ်ဘူးနော်.. "

"ဟာ... မသိပါဘူး..
ခွင့်မပြုလို့ကတော့ တစ်အိမ်လုံးကို ဇောက်ထိုး လုပ်ပစ်မှာ.. 😏 "

"အမလေးဗျာ... ပြောပုံနဲ့တင်ကို ဦးငယ်တို့ ခြေမခိုင်ချင်တော့ဘူး..."

"ဟား...ဟား.. သမီးကို မကြောက်ပါနဲ့ ဦးငယ်ရယ်.... အေးဆေးပေါ့..
ကဲလာ မရိုး.. သွားရအောင်... "

Fall in Love 🖤Where stories live. Discover now