17 - Fall in Love 🖤

7.1K 409 6
                                    

(Unicode)

ရွေးချယ်မူ မှန်ကန်ခဲ့တယ်ပဲ ပြောရမလား..? ကံတရားရဲ့မျက်နှာသာပေးခြင်း ခံရတယ်ပဲဆိုရမလား..? ရိုး.. သူမရဲ့အချစ်တွေကို ရင်ဘတ်ကြီးနဲ့ မဆန့်အောင်ကို ခံယူနေရသည်... ပထမဆုံးသော ချစ်သူနဲ့က နားလည်မူတွေနဲ့သာ နှစ်ရှည်လများ လက်တွဲခဲ့ပေမယ့် အချစ်ဆိုတာကြီးကတော့ သူမနဲ့တွေ့မှသာ နားလည်ခံစားသိမြင် လာခဲ့ရတာပါ... သူမကိုမြင်ရရင် အလိုလိုပျော်ရွှင်နေရပြီး.. မတွေ့ရ မမြင်ရရင်တော့ ငူငူငေါင်ငေါင်နဲ့ ထိုင်လွမ်းနေတတ်တာမျိုးပင်... ကျွန်မ သူမကို သိပ်ချစ်မိသွားခဲ့ပြီ... သြော်... နဖူးစာရွာလည်တတ်ပုံများနော်.. လွန်ခဲ့တဲ့ ၇နှစ်လောက်က ကိုယ်ကူညီခဲ့ဖူးတဲ့ ချာတိတ်ကလေးက မမျှော်လင့်ပဲ ကိုယ့်ရဲ့ ချစ်သူ ဖြစ်လာရတယ်လို့.....

"တီ... တီ... 🔉🔊"

ကား ဟွန်းသံကြောင့် ရိုးရဲ့အတွေးတို့ ရုတ်တရက် လွင့်စင်သွားတော့သည်...

"ဟိတ်... ဘာတွေတွေးနေတာလဲ..?
ရှင်းလာတာကို မမြင်ဘူး... "

ကားဟွန်းသံပေးပြီးတာနဲ့ ရှင်းတစ်ယောက် ကားပေါ်မှဆင်းရင်း မေးလိုက်တော့သည်..

"ဒီလိုပါပဲ... ကောင်မလေးတစ်ယောက် အကြောင်း စဥ်းစားမိသွားလို့..."

"ပြောလိုက်စမ်း... ဘယ်ကောင်မလေးအကြောင်း စဥ်းစားနေလို့ ရှင်းတစ်ယောက်လုံး လာတာတောင် မမြင်ရတာလဲ..."

" အံ မာ... လူကိုများ'စမ်း'တွေ ဘာတွေ သုံးလို့... ၄နှစ်ကြီးတယ်နော်..၄နှစ်..
လူကြီးကို ရိုရိုသေသေ ဆက်ဆံ..."

"ဟာ... လူကြီးလဲ မသိဘူး...
အခု ရှင်း မေးတာသာ ဖြေ..."

"ဟယ်... မ,က ဘယ်ကောင်မလေးအကြောင်း စဥ်းစားရမှာလဲ.. ဟော့ဒီက ရှင်းမြင့်မိုရ် ဆိုတဲ့ ကောင်မလေး အကြောင်းပဲပေါ့... ဒီရင်ထဲမှာ ခဗျားလေးတစ်ယောက်ပဲ ရှိတာကို..."

"ဟာ... အဲ့ဒါဆိုလည်း အစကထဲက အဲ့လိုပြောပါ့လား... ဘာလို့ တစ်ခြားတစ်ယောက်လို ပုံစံမျိုးနဲ့ ပြောရတာလဲ..."

"ကဲပါ... စိတ်ဆိုးမနေနဲ့တော့...
ဒီနေ့က မနဲ့ကလေးရဲ့......"

"မနဲ့ ကလေးနဲ့ ဘာဖြစ်လဲ...😁 "

Fall in Love 🖤Where stories live. Discover now