20 - Fall in Love 🖤

7.8K 438 31
                                    

Warning ⚠🚫🔞

(Unicode)

"ဟဲ့.. အဝတ်ဗလာတွေနဲ့ နှစ်ယောက်သား ဘာလုပ်နေကြတာလဲ..?😱😱"

ဆုနှင်းရည်အသံကြားတော့ ရိုးနဲ့ရှင်းတို့ မျက်လုံးအပြူးသားဖြင့် တံခါဝဆီသို့ ပြိုင်တူကြည့်မိလိုက်သည်... ရှင်းက အောက်ကရောက်နေတာမို့ အပေါ်မှရိုးကို အမြန်ပင် တွန်းထုတ်လိုက်တော့သည်...

"အာ့.... နာလိုက်တာ ကလေးရယ်..."

"ဟို... မမဆု ရှင်းတို့ဘာမှမလုပ်ဘူးနော်... ဒီတိုင်း မ,က ရှင်းဆီက အင်္ကျီလိုက်လုရင်းနဲ့ ခြေချော်ပြီး နှစ်ယောက်လုံး လဲသွားတာ.."

"ဟုတ်လို့လား ရှင်း...
အမမြင်တာတော့ နှစ်ယောက်သား ထပ်လျက်ကြီးနော်...😁 "

"ဟဲ့... ဆုနှင်းရည်..
နင်ပြောသလိုလည်း ငါတို့က အဝတ်ဗလာနဲ့ မဟုတ်ပါဘူးဟ ထဘီပါ ပါသေးတယ်... နင်ပြောမှ အမူ့ကြီးတော့မယ်..."

"ဒါဆို ကုတင်ပေါ်မှာ ထပ်လျက်ကြီး ဘာလုပ်နေကြတာလဲ..."

"ဟဲ့... စောစောကပဲ ကလေးပြောပြတယ်လေ... အင်္ကျီလုရင်းဖြစ်သွားတာပါလို့... နင်ကလည်း အချိန်ကိုက်ကို ရောက်လာပြီး ပြောတော့တာပဲနော်...😏"

"ငါသာ အချိန်ကိုက်ရောက်မလာရင် နင်တို့က ဘာဆက်ဖြစ်မှာလဲဟင်😁.."

"ဟက်...ပြောလေကဲလေ.. အင့်ဟာ..."

ရိုးလည်း ပြောင်စပ်စပ်နိုင်လွန်းသည့် ဆုကို ကုတင်ပေါ်ကခေါင်းအုံးဖြင့် ကောက်ပေါက်လိုက်သည်...

"သွား..သွား.. နင် ထွက်သွားလိုက်တော့ အောက်ကပဲ စောင့်နေ..."

ရိုးတစ်ယောက် ဆုနှင်းရည်ကို အခန်းထဲကနေ အပြင်သို့ တွန်းထုတ်တော့သည်... ထို့နောက်တော့ ရှင်းကပါ ရိုးရဲ့အနောက်ကနေ ကပ်လိုက်လာပြီး....

"မ,လည်း အပြင်ထွက်နေ...
ရှင်းအဝတ်စားလဲပြီးမှသာ အထဲဝင်ခဲ့တော့..."

"ဒုန်း..."

ရိုးနဲ့ဆု နှစ်ယောက်လုံးကို အပြင်သို့ ထုတ်ပြီးတာနဲ့ ရှင်းတစ်ခါထဲ တံခါးပိတ်လိုက်တော့သည်.... အပြင်က ရိုးကတော့ ထဘီရင်လျားလေးနဲ့ ဟက်ကော့ကြီး ဖြစ်နေတော့သည်.... ဆုကတော့ ရိုးကိုကြည့်ပြီးတော့ ခွက်ထိုးခွက်လန်သာ ရယ်နေမိသည်...

Fall in Love 🖤Where stories live. Discover now