❀. 7 .❀

9.7K 889 43
                                    

Uni

❀. ကြာငယ် .❀

မနက်အိပ်ယာကအထ ဘေးနားကနေရာလေးကိုစမ်းကြည့်တော့ အေးစက်ခနဲပင်..

ကြည့်ရတာမောင်သွားပြီထင်ပါရဲ့..

နှုတ်တောင်မဆက်သွားခဲ့ဘူးပဲ...

အပြုံးတုလေးကိုဖန်တီးကာ တနေတာအလုပ်လုပ်ဆောင်ရန်စရတော့သည်..

အနည်းဆုံးတော့မောင့်ကြောင့်ဖစ်တဲ့နာကျင်မှု့တွေကိုတခဏတာမေ့လို့ရတယ်မလားမောင်..

နေ့လည်ခင်းဘက်..
အိမ်မှာလိုနေသည့်ပစ္စည်းများကိုဖြည့်ရန် Mall တခုသို့ဦးတည်လိုက်သည်..

စားစရာအစုံဝယ်ပြီးတနေရာအရောက်..

ဒီကုတ်လေးကလှလိုက်တာ...မောင်နဲ့ဆိုအရမ်းလိုက်မှာ..

နောက်တော့ဦးတည်မိသည်က ထိုဆိုင်သို့သာ..

"အစ်ကိုဘာယူမလဲ.."

"ညီမ ဒါလေးက size ရှိလား"

"ဟုတ်..ရှိပါတယ်အကို တချက်လောက်စောင့်ပေးနော်.."

"ကျေးဇူးပါပဲညီမ.."

မောင့်ကိုသာဒါလေးပေးရင်မောင်အရမ်းပျော်နေမှာ..
မောင်ကလေပြောဖူးပါရဲ့..
ကောဆီကရတဲ့ဘာမဆိုမောင်တန်ဖိုးထားသည်တဲ့လေ..

"မောင်..ဒါလေးလာကြည့်ပါဦး.."

ကြားလိုက်တဲ့အသံကြောင့်နောက်လှည့်ကြည့်မိတော့..

"မောင်..."

သေချာပါရဲ့..
ကျွန်တော်ချစ်တဲ့မောင်က တခြားမိန်းကလေးနဲ့ပြုံးပျော်နေလို့လေ..

အဝတ်ထားတဲ့ကွယ်ရာလေးမှာပုန်းရင်းမောင့်ကိုချောင်းကြည့်မိသည်...

ဖုန်းလေးကိုထုတ်ကာ
နှိပ်မိတဲ့ဖုန်းနံပါတ်လေးကမောင်သာ..

တော်ရုံနဲ့မကိုင်ပဲဖုန်းကိုကြည့်နေတဲ့မောင်...
ကြည့်ရတာမောင့်ကိုခက်ခဲစေမိပြီထင်ပါရဲ့...

အတန်ကြာတော့ကြားရသည်ကမောင့်ဆီက HELLO တစ်လုံးသာ..

"Hello"

တုန်နေတဲ့အသံက်ုထိန်းကာ

"ဟယ်လိုမောင်...ဘာလုပ်နေလဲဟင်"

❀.ကြာငယ်.❀ « ℳ𝓎 ℒℴ𝓉𝓊𝓈 » CompletedNơi câu chuyện tồn tại. Hãy khám phá bây giờ