❀. 4 .❀

10.3K 930 39
                                    

Uni

❀.ကြာငယ်.❀

မိသားစုမရှိကြတဲ့ကျွန်တော်တို့အတွက် တွယ်ကပ်စရာက မိဘမဲ့ကျောင်းသာ...

ကောင်းကောင်းမွန်မွန်ကျွေးမွေးစောင့်ရှောက်ခဲ့ပေမဲ့...

ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်ရန် အပြငါလောကသို့ခြေစုံထွက်ခဲ့ရတဲ့ ကျွန်တော်နဲ့မောင်...

ရသမျှအလုပ်ရှာကာ ငွေကိုခြစ်ခြစ်ကုပ်ကုပ်စုခဲ့ရဲ့ရလာဒ်က တိုက်ခန်းလေးတစ်လုံးငှားနိုင်သည်သာ...

ကျန်းမာရေးအားနည်းတဲ့ကျွန်တော့်ကိုမောင်ဟာ အလုပ်ထွက်လုပ်ရန်ပိတ်ပင်တားမြစ်ခဲ့သည်..

ဒီလိုနဲ့မောင်တစ်ယောက်ထဲအပြင်မှာအလုပ်ထွက်ခဲ့သည်..

မောင်ဟာတကယ်ကိုကြိုးစားခဲ့တဲ့သူတစ်ယောက်ပါ..

သို့ပေမဲ့ ကံကြမ္မာကကျွန်တော်တို့ကိုဖိနှိပ်ခဲ့သည်..

မောင်ယုံကြည်လွန်းလို့ ရှာသမျှပိုက်ဆံတွေပုံအော်ခဲ့တဲ့ကုမ္ပဏီက ငွေတွေလိမ်ညာယူသွားသည်လေ..

အဲ့တုန်းကဆိုမောင်ဟာအရူးတစ်ယောက်လို ဖြစ်လုနီးပါးဖြစ်ခဲ့ရသည်...

အရက်နေ့တိုင်းသောက်တဲ့မောင်ဟာညတိုင်းလိုလို ကျွန်တော်နဲ့စကားများလာတတ်သည်..

တနေ့...

"မောင်...မသောက်ပါနဲ့တော့လားဟင်.."

"ဖယ်စမ်းပါဗျာ..."

အရက်ပုလင်းကိုင်ထားတဲ့ကျွန်တော့်လက်ကိုဖယ်ချရင်း
ပုလင်းလိုက်မော့နေတဲ့မောင်...

"မောင်အခုလိုလုပ်နေတော့ကော..ဘယ်ကပိုက်ဆံရမှာမို့လို့လဲမောင်ရယ်..နော်..မသောက်ပါနဲ့တော့မောင်ရယ်"

"ရှောင်ကျန့်ခများသိရဲ့လား???အဲ့ပိုက်ဆံတွေကိုကျွန်တော့်မှာနွားလိုကုန်းရုန်းပြီးရှာခဲ့ရတာဗျ...ယုံကြည်လို့ပုံအော်ပြီးပေးခဲ့တာကိုလုပ်ရက်ကြလိုက်တာဗျာ"

ငိုယိုနေတဲ့မောင့်ဘေးနားကပ်ကာ
ရင်ခွင်ထဲသိုဆွဲသွင်းရင်းနှစ်သိမ့်ပေးခဲ့ရသည်..

ရင်ခွင်ထဲကအိပ်ပျော်သွားတဲ့မောင်..
တကယ်ကိုကြိုးစားခဲ့ရတာမျက်မြင်ဖြစ်တဲ့ကျွန်တော်သိပ်သိတာပေါ့..

❀.ကြာငယ်.❀ « ℳ𝓎 ℒℴ𝓉𝓊𝓈 » CompletedDove le storie prendono vita. Scoprilo ora