Uni
❀.ကြာငယ်.❀
မနက်ရောက်တဲ့အထိမောင်ကအိမ်ပြန်မလာခဲ့...
ပြန်မလာဘူးပြောခဲ့တာတောင် ကျွန်တော်ဟာအရူးတစ်ယောက်လိုတစ်ညလုံးစောင့်နေခဲ့မိတယ်..
မျက်ရည်တွေကတော့ ခမ်းခြောက်သွားခဲ့ပြီထင်ပါရဲ့...
ခြံတံခါးဘက်ကိုတွေတွေလေးငေးကြည့်နေပေမဲ့ မျက်ရည်တွေကတော့ကျမလာတော့...
"တီးတီး"
ဟောကားသံကြားတယ်..
မောင်ပြန်လာပြီထင်ပါရဲ့..ခြံတံခါးဘက်သို့ ပျော်ရွှင်သောမျက်နှာလေးနဲ့ အပြေးလွှားသွားမိသည်..
အား~~
ခြေဗလာနဲ့ထွက်လာခဲ့တဲ့ကျွန်တော် ခဲလုံးကြောင့်ချော်လဲတာတောင်စိတ်ကမောင့်ဆီမှာ..
နာကျင်မှု့ကိုဥပေက္ခာပြုရင်းမောင့်ဆီသွားနေမိသည်..
ခြံတံခါးလေးကိုဖွင့်ကာမောင်ဟာကားလေးကိုအသာယာမောင်းပြီးအိမ်ထဲ၀င်လာခဲ့သည်..
ဆိုဗာပေါ်ထိုင်နေတဲ့မောင့်အနားသို့သွားကာ
"မောင်..."
မောင့်ကိုခေါ်ပေမဲ့ မောင်ကလှည့်မကြည့်..
"မောင်..မနက်စာစားပြီးပြီးလားဟင်..ကောပြင်ပေးမယ်နော်.."
ကျွန်တော်ပြောလိုက်တဲ့စကားကြောင့် မောင်က ကျွန်တော့်ကိုရွံရှာတဲ့မျက်လုံးတွေနဲ့ကြည့်ကာ..
"အစကတော့ဗိုက်ဆာနေတာပဲ...ဒါမဲ့ခများကိုမြင်တော့စားချင်စိတ်မရှိတော့ဘူး..."
မောင်ရယ်ပြောရက်လိုက်တာ..
"ကိုယ့်ကိုကိုယ်ကြည့်ဦး ညစ်ပတ်စုတ်ပြတ်နေတာပဲ..အရက်နံ့တွေကလည်းရနေတယ်..."
ဟုတ်ပါရဲ့...ကောကညစ်ပတ်နေတာ..မောင့်အနာူအလိုက်မသိကပ်မိပြီ..
"ဒါ...ဒါဆိုကော ရေချိုူလိုက်မယ်လေ...မနက်စာတော့မစားပဲမနေနဲ့နော်..မောင်ဗိုက်အောင့်နေလိုက်မယ်.."
"ဒါဆိုလည်းပြီးရောလေ..အခန်းထဲမှာအိပ်ပြီးစောင့်နေမယ်..ပြင်ပြီူရင်လာခေါ်လိုက်"
![](https://img.wattpad.com/cover/252217098-288-k280798.jpg)
ESTÁS LEYENDO
❀.ကြာငယ်.❀ « ℳ𝓎 ℒℴ𝓉𝓊𝓈 » Completed
Fanficနောက်ဆုံးတစ်ခေါက်လောက်ပြောပါရေစေနော်... ကော အရမ်းချစ်တယ်မောင်