Uni
❀. ကြာငယ် .❀
ညစာထမင်းဝိုင်းလေးက အရင်ကနဲ့မတူ...
လေတိုက်သံကြားရလောက်အောင် တိတ်ဆိတ်နေသည်.."ရှောင်ကျန့်"
"..."
"ရှောင်းရှောင်ကျန့်!!"
"ဟင်..အော်မောင်..ထမင်းယူမလို့လား?ပေးလေကောထည့်ပေးမယ်"
ပန်းကန်ဆွဲယူမယ်အလုပ် တွန်းဖယ်ခံလိုက်ရတဲ့လက်တစ်စုံကြောင့်ရင်ထဲမှာအောင့်ခနဲ..
"မလိုပါဘူး။ကျုပ်မှာလက်တွေခြေတွေပါတယ်..လုပ်ပေူစရာမလိုဘူး"
အရင်ကကောခွံကျွေးမှထမင်းစားတတ်တဲ့မောင်ကဘယ်ရောက်သွားပြီလဲမောင်ရယ်..
"အင်း...အင်းပါမောင်ရယ်..."
"မနက်ဖြန်ကျုပ်ခရီးထွက်ဖို့ရှိတယ်..အဲ့ဒါအကျီတွေပြင်ထားပေး.."
"ဟင်..ကောလည်းမသိရပါလားမောင်ရယ်..."
"အခုသိပြီမလား..စားပြီးရင်ပြင်ပေးတော့မနက်စောစောသွားရမှာ.."
"အင်းပါမောင်ရယ်..ကောပြင်ပေးမယ်နော်..."
ဆေးကြောစရာရှိသည်များကိုဆေးပြီး မောင့်အတွက်ပြင်ပေးရန်အပေါ်ထပ်သို့လာခဲ့သည်..
အကျီများကိုသပ်သပ်ရပ်ရပ်ခေါက်ပြီးပြီး နောက်ဆုံးတစ်ထည်ထည့်မည်အလုပ်..
အနီရောင်ကတ္ထီပါဗူးလေးကလှောင်နေသယောင်..
မဟုတ်ပါစေနဲ့လို့ဆုတောင်းပြီးဖွင့်ကြည့်ခဲ့ပေမဲ့ဆုတောင်းကမပြည့်ခဲ့..
အနီရောင် ဗူးလေးထဲက စိန်တွေစီထားလိုတလက်လက်တောက်ပနေတဲ့လက်စွပ်နှစ်စုံ..
လက်ထပ်လက်စွပ်ဆိုပိုမှန်မည်..
ရှောင်ကျန့်မင်းကလည်းကွာ...ဒီလက်စွပ်ကမောင်နဲ့မဆိုင်လောက်ပါဘူး...
ကျလုဆဲဆဲမျက်ရည်တွေကိုထိန်းလိုက်ပြီူမောင့်အတွက်အ၀တ်လေးသာပြင်နေမိပေသည်..
ဘာလို့မှန်းမသိစိတ်တွေကလေးနေသည်လေ...
ထိုအချိန်..
"ရှောင်ကျန့်!!"
အမြန်ပြေး၀င်လာပြီးဗီရိုရှေ့ပိတ်ရပ်လိုက်တဲ့မောင်က တစ်ခုခုကိုစိုးရိမ်နေသလို..
VOCÊ ESTÁ LENDO
❀.ကြာငယ်.❀ « ℳ𝓎 ℒℴ𝓉𝓊𝓈 » Completed
Fanficနောက်ဆုံးတစ်ခေါက်လောက်ပြောပါရေစေနော်... ကော အရမ်းချစ်တယ်မောင်