Uni
❀. ကြာငယ် .❀
မောင့်ဇနီးသစ်လေးနဲ့ တအိမ်ထဲအတူရှိနေတာ ၂ပတ်တောင်ကြာခဲ့ပြီ..
မောင်ဟာအခုထိ လက်ထပ်ပွဲအတွက်အကြောင်းအရင်းကိုအခုထိ မပြောပြသေး..
ကြည့်ရတာ ကျွန်တော်က မောင့်အတွက် အရေးမပါတော့ဘူးထင်ပါရဲ့ဗျာ..
နေ့တိုင်း အိမ်အလုပ်နဲ့ပဲ မောင့်ဆီရောက်မြဲစိတ်တွေကိုထိန်းထားခဲ့ရသည်..
ဆိုင်သာဆိုင်ပေမဲ့ မပိုင်တော့ဘူးမလား?
မောင်ဇနီးလေးကလေ သိပ်ကိုသရုပ်ဆောင်ကောင်းတာ..
ဒါကိုမောင်ကမသိရှာဘူးထင်ပါရဲ့..
"ရှောင်ကျန့်"
အတွေးနယ်ထဲပိတ်မိနေတုန်းပင် ကြားလိုက်ရတဲ့ခေါ်သံတစ်ခုကြောင့်သတိပြန်၀င်မိသည်..
"ရော့"
ပစ်ပေးလိုက်သည်က အ၀တ်စားများသာ..
"ဒါတွေကိုစင်အော်လျှော်ခဲ့..အကုန်လုံးတန်းဖိုးကြီးတာတွေကြီးပဲ..ပျက်စီးတာတွေ့ရင်မင်းနာပြီးသာမှတ်ပါ.."
"ဟုတ်..ဟုတ်ကဲ့မမလေး"
သိပ်ကိုသရုပ်ဆောင်ကောင်းလွန်းတဲ့ မောင့်ဇနီးလေးက မောင့်ရှေ့မှာ ကြင်နာပြပြီး မောင့်နောက်ကွယ်မှာကျွန်သာသာဆက်ဆံတတ်သည်..
မနည်းမနောအ၀တ်တွေကိုကြည့်လိုက်တော့မောင့်အကျီတွေသာ..တော်ပါသေးရဲ့ မောင့်နောက်ကွယ်မှာတင် မောင့်အတွက် အိမ်ထောင်သည်တာ၀န်ကျေနိုင်သေးလို့..
ဘာလို့များဟန်ဆောင်နေသေးတာလဲဗျာ..
မမလေးအခုလိုဆက်ဆံတာမောင်မြင်ရင်ပိုပျော်မှာဗျ..
အနည်းဆုံးတော့ မောင့်အပျော်တွေက ကျွန်တော့်ကြောင့်ဖြစ်တည်လာသေးနိုင်တာပဲလေ..
အခုတလောမောင်ဟာအိမ်ကိုသိပ်မပြန် အချိန်ပြည့်ရုံးမှာသာ နေသည်လေ..
အချိန်မှန်ထမင်းစားပါ့မလားမောင်ရယ်..
ကောစိတ်ပူလိုက်တာ..
လျှော်ဖွတ်သန့်စင်ပြီး နေလှန်းရန် အိမ်အနောက်ဘက်သို့ဦးတည်မိသည်..
BẠN ĐANG ĐỌC
❀.ကြာငယ်.❀ « ℳ𝓎 ℒℴ𝓉𝓊𝓈 » Completed
Fanfictionနောက်ဆုံးတစ်ခေါက်လောက်ပြောပါရေစေနော်... ကော အရမ်းချစ်တယ်မောင်