❀. 21 .❀

6.7K 533 8
                                    

Uni

❀. ကြာငယ် .❀

ဘယ်ညာငေးနေတဲ့ချာတိတ်နားရောက်တော့..

"ဟေ့ချာတိတ်.."

"ဟို..ဟိုအကို"

"ချာတိတ်ကမှတ်မိသားပဲ.."

"ဟီး..ကျွန်တော်ကဉာဏ်ကောင်းတယ်ဗျ"

"ဟုတ်ပါပြီ..တစ်ယောက်ထဲ??"

"ဟင့်အင်း ကျွန်တော့်အမျိုးသားပါတယ်"

"အော်..ဒါဆိုကိုယ်ထိုင်လို့ရမလား"

"ဗျာ!!ဟို.. ဟိုလေ"

"ဒါဆိုကိုယ်ထိုင်မယ်နော်."

ခွင့်ပြုချက်မရပဲ ထိုင်လိုက်တဲ့လူကြီးကြောင့်အနည်းငယ်စိတ်ပျက်မိသည်..

"ရော့ဒါချာတိတ်အတွက်"

ကမ်းပေးလာတဲ့ စတော်ဘယ်ရီဖျော်ရည်လေး..

"ဟို..ရ..ရယ်ကျွန်တော်မသောက်တော့ဘူး"

"သောက်ပါကွာ..ကိုယ်ကတကူးတကယူလာတာကို နည်းနည်းဖြစ်ဖြစ်တော့သောက်ပါ.."

မောင်လာရင် ဒီလူကြီးတော့ဒုက္ခပါပဲ..

"ချာတိတ်ဒါကိုသောက်ရင်ကိုယ်ထွက်သွားပေးမယ်"

တွေးဝေနေတဲ့ချာတိတ်က ကျွန်တော့်ကိုထွက်သွားစေချင်နေတာကြောင့်ထိုစကားဖြင့်သာအကျပ်ကိုင်လိုက်ရသည်..

အဲ့တော့မှဖန်ခွက်ကိုကောက်ကိုင်လေရဲ့..

ဒီလိုဖြူစင်လွန်းတဲ့ကောင်လေးကို သူတကယ်သတ်ရမည်လား..

ဘာလို့များရီပေါ့်အဖေက ချာတိတ်ကိုအရမ်းသတ်ချင်နေရတာလဲ..

ချာတိတ်မိဘကြောင့်နဲ့တော့ ဒီလောက်ထိလုပ်ဖို့ဆိုတာမသင့်တော်ဘူးမလား..

နောက်ပြီူဒီကိစ္စကမိဘတွေဖြစ်တဲ့ကိစ္စချာတိတ်နဲ့မှမဆိုင်ပဲ..

သေချာစုံစမ်းကြည့်ဖို့လို့နေပြီ..

ဖန်ခွက်နှုတ်ခမ်းသားနားထိကာသောက်တော့မဲ့အချိန်..

ခွမ်း~~

ပုတ်ထုတ်ခံလိုက်ရတဲ့အအေးခွက်လေး..

"အား..ချာတိတ်..sorry ကိုယ်လက်ချော်သွားလို့..နောက်တစ်ခွက်ထပ်မှာပေးမယ်လေ"

❀.ကြာငယ်.❀ « ℳ𝓎 ℒℴ𝓉𝓊𝓈 » CompletedDonde viven las historias. Descúbrelo ahora