Uni
❀. ကြာငယ် .❀
နေရောင်ခြည်နုနု ကျလာတဲ့ အခန်းငယ်ထဲ လူသားနှစ်ယောက်ဖက်တွယ်ကာ အိပ်စက်နေသည်က လှပသောပန်ချီကားတစ်ရပ်လို..
ကြင်လာတဲ့လက်တစ်ဖက်ကြောင့် ကြည့်မိတော့ ကိုကိုက အခုထိ အိပ်စဲပင်..
ရောင်ခြည်အကူကြောင့် ကိုကို့မျက်နှာလေးကိုမြင်ရသည်က အရှင်းသား..
ကျောပေးရင်း ကျွန်တော့် လက်မောင်း အိပ်ကာ ကျန်လက်တစ်ဖက်ကိုပါ ရင်ခွင်ထဲ ထွေးပိုက်ထားသည်က ကျွန်တော်ပျောက်ဆုံးမည့်အလား..
လက်ကလေးအားအသာအယာဖယ်ထုတ်ရင်း မနိုးစေရန်ခေါင်းအုံးကိုအသာအယာဖိရပြန်သည်..
တပွတ်ပွတ်လှုပ်ရှားနေတဲ့ ကိုကို့ရဲ့ နှုတ်ခမ်းတွေက နို့စို့နေသောကလေးအသွင်..
အသည်းယားစွာဖြင့် မြတ်နိုးရသောထိုသူ၏ နဖူးအထက်သို့ အနမ်းပွင့်လေးအား ခြွေမိကာ ကိုကိုတွက် မနက်စာပြင်ရန် မီးဖိုချောင်ထဲသို့ ဦးတည်မိသည်..
ပြန်ပြေလည်သည့်နေ့ကတည်းက သာမန်ထက်ပို၍ပင်ချွဲတတ်လာသောကိုကို..
ကလေးအသွင် ကျွန်တော့်ပေါ်ဂျီကျတတ်တဲ့ ကိုကို့ကြောင့် အရာအားလုံးဟာ ကျွန်တော့်ဘ၀အတွက် လှပခဲ့ရသေးသည်..
ကိုကို့တွက် မနက်စာအာဟာရပြည့်စေရန် ဖန်ခွက်လေးထဲ နွားနို့အပြည့်ဖြည့်ကာ အချိန်ကိုက် ကင်စက်ကထွက်လာသောပေါင်မုန့်နှစ်ချပ်ကိုပန်ကန်ပေါ်တင်ရင်း အရန်သင့်ခွဲထားတဲ့ သီးနှံလေးကိုပါ ဗန်းငယ်ထဲထည့် လိုက်သည်..
ရုတ်တရကမဆိုသလို..
"မောင်..မောင်ဘယ်မှာလဲဟင်..မောင်"
ရှိုက်သံနဲ့အတူ အပေါ်ထပ်မှ အထိတ်တလန့်ပြေးဆင်းလာတဲ့ကိုကို..
နှုတ်ကနေလည်း ကျွန်တော့အတွက် မှည့်ထားတဲ့ နာမ်စားလေးကိုတဖွဖွရွတ်နေသေးသည်..
"အဟင့်..မောင်..ဘယ်မှာလဲလို့..ဟင့်..မောင်.."
ငိုသံထွက်လာသည်ကြောင့် မီးဖိုချောင်က အလျင်မြန်ထွက်လာသည်က ကိုကိုရှိရာသို့..
ESTÁS LEYENDO
❀.ကြာငယ်.❀ « ℳ𝓎 ℒℴ𝓉𝓊𝓈 » Completed
Fanficနောက်ဆုံးတစ်ခေါက်လောက်ပြောပါရေစေနော်... ကော အရမ်းချစ်တယ်မောင်