❀. 19 .❀

6.9K 562 12
                                    

Uni

❀. ကြာငယ် .❀

ကုမ္ပဏီကတည်းက အိပ်လာတဲ့ကိုကို အိမ်သည်အထိ မနိုးသေး..

ပျော့ရွှတ်နေတဲ့ကိုယ်လေးအားပွေ့ကာ အပေါ်ထပ်အိပ်ခန်းဆီသို့..

ကုတင်အထက်အသာအယာချပေးရင်း နဖူးလေးအထက် မြတ်နိုးဖွယ် အနမ်းတစ်ပွင့် ချွေလိုက်သည်..

အသေချာ စောင်လေးခြုံပေးကာ စာကြည့်ခန်းဆီသို့..

ခုံပေါ်ထိုင်ကာ စားပွဲပေါ် ခြေတင်ရင်း နောက်ပြန်လှဲလိုက်သည်..

ရှုပ်နေတဲ့စိတ်..
စိုးရိမ်လွန်းတဲ့စိတ်က ဦးနှောက်ထဲအပြည့်..

ချထားတဲ့ဖုန်းလေးကိုင်ကာ..Contant တစ်ခုဆီနှိပ်ရင်း ဖြေသံကိုနားစွင့်လိုက်သည်..

"Hell0"

အသံကြားရုံနဲ့တင် ဒေါသကထောင်ကနည်း..

"ပါး..သူ့ကိုမထိနဲ့လို့ပြောထားတယ်မလား"

"ရီပေါ်ကို..အိုဟိုး..အဖေ့ဆီဖုန်းဆက်ပြီူ နှုတ်ဆက်တဲ့စကားကလည်း ကြမ်းလှချည်လားကွ.."

"ပါးအပိုတွေမပြောနဲ့..ကျွန်တော်မေးတာသာဖြေပါ"

"သတ်မှာ.."

"..."

"အိုး..ရီပေါ်..မင်း​မေးတာဖြေတယ်လေကွာ..အသံလေးပြုပါဦးကွ..ဟားဟား"

"ပါး..ဘာလို့ခွင့်မလွှတ်နိုင်သေးတာလဲဗျာ"

"ဘာ..ခွင့်လွှတ်ရမယ်..သူ့မိဘလုပ်ခဲ့တာတွေက ခွင့်လွှတ်ဖို့တန်လား..ဟမ်..နောက်ပြီးဖြစ်ခဲ့တာမင်းအမေနော်.."

"ဒါပေမဲ့ လုပ်ခဲ့တာတွေကသူ့အဖေလေ..နောက်ပြီးသူ့အဖေလည်းပါးသတ်လို့သေပြီပဲ.."

"မင်း..ဘယ်..ဘယ်လို.."

"ဒီတိုင်းငြိမ်ခံနေရအောင် ကျွန်တော်ငတုံးမဟုတ်ဘူးပါး"

"ဟုတ်တယ်..ငါသတ်ခဲ့တယ်..သူသေတာလေးနံသူ့အပြစ်တွေကြေသွားမယ်မင်းထင်နေတာလား"

"ဒါမံသူနဲ့မှမဆိုင်တာ!!ကျွန်တော်ပြောမယ်ပါး..ပါးသူ့ကိုထပ်ထိကြည့် ကျွန်တော်လူသတ်မှု့နဲ့တိုင်ဖို့၀န်မလေးဘူးနော်..အချက်အလက်တွေအကုန်ကျွန်တော့်မှာရှိတယ်"

❀.ကြာငယ်.❀ « ℳ𝓎 ℒℴ𝓉𝓊𝓈 » CompletedOnde histórias criam vida. Descubra agora