❀. 2 .❀

12.4K 1.1K 40
                                    

Uni

❀.ကြာငယ်.❀

အသွားတုန်းကပြုံး​ပျော်နေခဲ့တဲ့ရှောင်ကျန့်
ပြန်အလာမှာတော့ အသက်မရှိတဲ့လူတစ်ယောက်လို...

နားလည်သည်လေ...
သူ့နှလုံးသားလေးနာကျင်နေရသည်မလား?

​အိမ်အရောက်လေးလံတဲ့ခြေလှမ်းတွေကအိပ်ခန်းထဲသို့ဦးတည်နေမိသည်..

စိတ်အားငယ်မှူ့နဲ့အတူကုတင်ပေါ်သို့ပစ်လဲချမိသည်...

သိပ်ချစ်တယ်လို့ပြောခဲ့တဲ့မောင်
အခုကျတော့သူစိမ်းဆန်လိုက်တာ...

မျက်နှာကျက်ပေါ်ငေးကြည့်နေမိတဲ့မျက်၀န်းတွေထဲမှာ
အရင်ကမောင်နဲ့အတူဖြတ်သန်းခဲ့တဲ့ပုံရိပ်တွေကအပြည့်..

မောင်ရက်စက်သည်လား??
တကယ်တော့မောင်မရက်စက်ပါဘူး။

မောင့်အကျင့်သိသားလျက်နဲ့တောင်
အလျော့ပေးရင်း ပေးသမျှနာကျင်မှု့ကိုလည်စဥ်းခံခဲ့သည့်က ကောအမှားသာ။

ကောအတွက် မောင်ဟာအမြဲမှန်တဲ့သူတစ်ယောက်ပါမောင်...

မျက်နှာကျက်ကိုကြည့်ရင်းကဝေးဝါးလာတဲ့မြင်ကွင်းကြောင့်လိမ့်ဆင်းတဲ့မျက်ရည်တွေကိုမသုတ်ဖယ်မိ..

ဒီနေ့ကောဘယ်နှစ်ခါငိုနေမိပြီလဲမသိဘူးမောင်ရယ်...

မောင့်ကိုပိုင်ဆိုင်ဖို့ခွင့်ပြုခဲ့တဲ့ လယ်သကြွယ်ပေါ်က လက်စွပ်လေးကိုကြည့်ရင်း...

အဲ့နေ့တုန်းကတကယ်ကိုပျော်ခဲ့ရတာပဲနော်မောင်..

ပြန်စဥ်းစားမိတော့..ငိုရက်နဲ့ပင်ပြုံးနေမိသည်..

မောင်ဟာလေ ကောရဲ့ မျက်ရည်နဲ့အပြုံးတွေကိုထိန်းချုပ်ထားတဲ့သူပဲနော်..

မောင့်ကြောင့်ပြုံးရသလို..
မောင့်ကြောင့်ပဲငိုကြွေးရတယ်...

ကြည့်ရတာကောအတွက်အပြုံးတွေကဒါနောက်ဆုံးပဲထင်ပါရဲ့မောင်ရယ်..

နာကျင်နေတဲ့နှလုံးသားလေးတခဏတာနားနေစေရန်
မျက်လုံးကိုစုံမှိတ်ကာအိပ်လိုက်တော့သည်..

ဒီနေ့တော့ ကောတစ်ယောက်ထဲ Ani လေးကိုဖြတ်သန်းရပြန်ဦးမယ်ထင်ပါရဲ့မောင်..

❀.ကြာငယ်.❀ « ℳ𝓎 ℒℴ𝓉𝓊𝓈 » CompletedDonde viven las historias. Descúbrelo ahora