❀. 8 .❀

10K 869 27
                                    

Uni

❀. ကြာငယ် .❀

နှစ်ရက်...မောင်ပြန်မလာတာနှစ်ရက်ရှိပြီ...

မောင်ပြန်မလာတဲ့နှစ်ရက်အတွင်း ကျွန်တော်ဟာအရူးတစ်ယောက်လို..

ထိုနေ့ကငိုလွန်းလို့မေ့လဲသွားခဲ့ပေမဲ့..အိမ်မှာကျွန်တော်ကလွှဲပြီးဘယ်သူမှမရှိတာကြောင့် ဆေးရုံပို့ပေးဖို့မဖြစ်နိုင်..

နောက်နေ့မနက်မှသတိပြန်လည်လာခဲ့သည်လေ..

တနေကုန်တခုခုကိုတွေးနေတတ်တဲ့ကျွန်တော်..
သေချာတာတော့အဲ့အတွေးတွေကမောင်နဲ့ဆိုင်သည်..

အမြဲတမ်းမောင့်အကြောင့်ခေါင်းထဲရောက်လာတတ်သည့်ကျွန်တော်ဒီနှစ်ရက်အတွင်း အစားအသောက်မမှန်..

ဘာမှမစားသည်ဆိုပိုမှန်လိမ့်မည်...

စိတ်ထဲအမြဲကြီးစိုးနေသည်က မောင်အဆင်ပြေရဲ့လားသာ..

လွမ်းတယ်မောင်...နှစ်ရက်အတွင်းတောင်ဒီလိုဖြစ်နေရင်..

မောင်ထားသွားတဲ့တနေ့...

တွေးရင်းနဲ့ပင်ရူးမတတ်ကိုခံစားရသည်...

ညဘက်ရောက်တော့လည်း တအိမ်လုံးအမှောင်ပိတ်ထားတဲ့ကျွန်တော်..

မီးဖိုချောင်လေးရဲ့ကြမ်းပြင်မှာပဲထိုင်ကာ Wine ပုလင်းနဲ့အတူထိုနေရာမှာတင်ပဲအချိန်ကုန်စေသည်..

မူးသွားရင် တခဏ လောက်ပဲဖစ်ဖစ်မောင့်ကိုမေ့သွားမလားဆိုသည့်အတွေးကြောင့် မူးအောင်ပဲသောက်နေမိသည်..

မောင်မရှိတဲ့ညတိုင်း အမှောင်ထဲမှာကျွန်တော်တစ်ယောက်ထဲသာ...

ဖလပ်...

ရုတ်တရက်လင်းထိန်းလာတဲ့မီးတွေ​ကြောင့် မျက်စိဆူးစေမိသည်..

အလင်းရောင်အကြားခေါ်သံလေးက..

"ရှောင်ကျန့်!!"

မောင်...မောင်လားဟင်...

"မောင်..."

အလင်းနဲ့အသားကျမှဝေဝါးခဲ့တဲ့ပုံရိပ်လေးကအထင်းသား..

သေချာပါတယ်မောင်ပေါ့...

အလှမ်းဝေးနေတဲ့မောင့်ဆီကိုယိုင်းနဲ့တဲ့ခြေလှမ်းတွေကိုအားပြုကာအနားသွားမိသည်...

❀.ကြာငယ်.❀ « ℳ𝓎 ℒℴ𝓉𝓊𝓈 » CompletedWhere stories live. Discover now