Uni
❀. ကြာငယ် .❀
နာကျင်ရတဲ့နှလုံးသားလေးကိုဥပေက္ခာပြုပြီး မောင်အနားမှာရှိနေချင်မိသည်..
မောင့်နားမှာကောနေခွင့်လေးတော့ရှိတယ်မလားမောင်..
မောင်ခိုင်းသည့်အတိုင်းအထုတ်တွေကိုမောင့်အခန်းထဲထည့်ပေးလိုက်သည်..
အခန်းထဲကအထွက် သတို့သမီးအသစ်လေးကို လက်တွဲကာ ကျွန်တော့်ဆီလှမ်းလာတဲ့မောင်..
အနီးရောက်တိုင်စ နှလုံးသားတစ်ဆစ်နာကျင်ရသည်မို့ ခြေတစ်လှမ်နောက်ဆုတ်စေမိသည်..
"ရှောင်ကျန့်ညစာအတွက်ထမင်းဟင်းတွေပြင်ထားလိုက်"
မောင့်နှုတ်ကထွက်လာသည့်စကားမှန်သမျှကကောအတွက် အမိန့်လိုပါပဲ..
"ကောင်းပါပြီအကိုလေး"
မောင့်သဘောအကျ ညစာအတွက်ထမင်းပွဲလေးပြင်ပေးပြီးသည်နှင့် တခဏအကြာမောင်တို့ဆင်းလာခဲ့သည်..
"Honey ထိုင်"
သူ့ဇနီးလေးအတွက်အရံသင့်ခုံကို့ပြင်ပေးနေတဲ့မောင်..
အော်..မောင်ဟာသိပ်ကိုကြင်နာတတ်ပါလား..
ကြည့်ရတာကောက မောင့်ကြင်နာမှု့တွေနဲ့မထိုက်တန်ဘူးထင်ပါရဲ့နော်..
မောင်တို့ထမင်းစားဝိုင်းလေးဘေးမှာရပ်ရင်းမောင့်ကိုကြည့်မိသည်..
တော်ပါသေးရဲ့ မောင်ကကောချက်တာလေးတွေကြိုက်သေးလို့..
ဘေးနားက မောင့်ဇနီးလေးကိုကြည့်တော့လည်း ကျေနပ်ပုံရသည်လေ..
တခါမှကျွန်တော်နဲ့ထမင်းလက်စုံမစားဖြစ်တော့တဲ့မောင်က သူနဲ့ကျတော့ထမင်းလက်စုံစားနေသည်လေ..
အပယ်ခံဘ၀ကိုရောက်သွားသလိုဖြစ်ပေမဲ့ အနည်းဆုံးတော့မောင့်ရဲ့နောက်ကျောလေးကိုငေးခွင့်ရှိသေးတယ်မ လား?
အဟွတ်အဟွတ်..
ချောင်းသံလေးကြောင့်ကျလုဆဲဆဲမျက်ရည်တွေကိုသုတ်ရင်းကြည့်မိတော့..
"မမလေး"
"Honey!!"
"အဟွတ်အဟွတ်"
![](https://img.wattpad.com/cover/252217098-288-k280798.jpg)
ESTÁS LEYENDO
❀.ကြာငယ်.❀ « ℳ𝓎 ℒℴ𝓉𝓊𝓈 » Completed
Fanficနောက်ဆုံးတစ်ခေါက်လောက်ပြောပါရေစေနော်... ကော အရမ်းချစ်တယ်မောင်