Uni
❀. ကြာငယ် .❀
မောင်..ကျေးဇူးပြုပြီး ကောကို ခဏလောက်ပဲဂရုစိုက်ပေးပါ..
ကြောင်ကြည့်နေတဲ့မောင်ကြောင့် မျှော်လင့်ချက်တွေက ရိုက်ချသလိုပင်..
မကြည့်ချင်တော့ဘူးမောင်..မောင့်ရဲ့ဂရုမစိုက်တဲ့မျက်လုံးတွေကိုကောမကြည့်နိုင်တော့ဘူးမောင်..
မောင်ကရဲ့ကွယ်ရာကို မျက်နှာလွှဲချလိုက်ပြီး မျက်ရည်ပေါက်ကြီးငယ်ကျမိသည်..
"မောင်!!"
ရုတ်တရက်ဆိုသလိုကောက်ပွေ့လိုက်တဲ့မောင်..
"ဘာအသံမှမထွက်နဲ့ ငြိမ်နေ"
မောင့်ရဲ့ရင်ခွင်နား မျက်နှာလေးကပ်ကာငြိမ်ကျနေမိသည်..
အခန်းထဲသို့ခေါ်လာပြီး ကုတင်ထက်ငြင်သာစွာချပေးလိုက်တဲ့မောင်..
စိုစွတ်နေတဲ့ကျွန်တော့်ကိုမောင်က အကုန်လုံးသာပြင်ဆင်ပေးနေသည်လေ..
ပျော်လိုက်တာ..မောင်ကျွန်တော့်ကိုဂရုစိုက်သည်တဲ့လေ..
ကျဆင်းနေတဲ့ မျက်ရည်တွေကို သုတ်မယ်အလုပ်..
"မငိုနဲ့.."
ပါးပြင်ပေါ်ကျရောက်လာတဲ့ မောင့်ရဲ့လက်တစ်စုံ..
"နောက်ဘယ်တော့မှမငိုနဲ့"
မောင့်စကားကြောင့်ငိုလျက်နဲ့ပင်ခေါင်းကိုသွင်သွင် ညိတ်မိသည်..
"မငိုတော့ဘူးနော်..ကောမငိုတော့ဘူးနော်.."
"ခဏစောင့်နေဦး.."
"ဟုတ်မောင်.."
ထွက်သွားခဲ့တဲ့မောင်ကျောပြင်လေးကိုကြည့်ရင်း ၀မ်းသာမျက်ရည်ကျမိပြန်သည်..
"မေယွဲ့"
"မောင်"
ဖြန်း..
ရိုက်ချက်သံနဲ့အတူ ကပ်ပါလာသည်က..
"ရော့မင်းအတွက်စရိတ်..မင်းထွက်သွားတော့.."
"အိုး..ဘယ်လိုလဲဆက်မငှားတော့ဘူးလား..ရှင်ပဲသူနာကျင်တာမြင်ချင်တယ်ဆို"
"ဟုတ်တယ်..ငါ သူနာကျင်တာပဲမြင်ချင်တယ်..ဒါပေမဲ့ အဲ့နာကျင်မှု့ကငါ့ကြောင့်ပဲဖြစ်ရမယ်"
VOCÊ ESTÁ LENDO
❀.ကြာငယ်.❀ « ℳ𝓎 ℒℴ𝓉𝓊𝓈 » Completed
Fanficနောက်ဆုံးတစ်ခေါက်လောက်ပြောပါရေစေနော်... ကော အရမ်းချစ်တယ်မောင်