Uni
❀. ကြာငယ် .❀
ငယ်ငယ်ကတည်းက မိဘမဲ့အဖြစ်ကြီးပြင်းလာရတဲ့ ကျွန်တော်..
ကောနဲ့တွေ့ပြီး အချစ်ကိုခံစားတတ်လာခဲ့သည်..
ကိုကို..ဟုတ်တယ် ကောဆိုတာကျွန်တော့်ရဲ့လိမ်ညာခေါ်ဆိုခြင်း..
တကယ်တမ်းရင်ထဲကပြောချင်တဲ့ အက္ခရာလေးက ကိုကိုသည်သာ..
ကိုကို..ကျွန်တော်သိပ်ချစ်ရတဲ့ကိုကို..
တိုးတက်မှု့မရှိမဲ့ မိဘမဲ့ကျောင်းကြီးကို ကျောခိုင်းပြီး ကိုကိုနဲ့အတူဘ၀ကိုရင်ဆိုင်ခဲ့တယ်..
အဆင်ပြေတယ်လို့လိမ်ညာနေတဲ့ကိုကိုက တကယ်တော့ အားနည်းတဲ့သူပင်..
ပထမဆုံး အလုပ်လုပ်ခဲ့သည်က bar တစ်ခု..
အားနည်းတဲ့ကိုကို..bar မှာအတူတူအလုပ်ပေမဲ့ ကျွန်တော်စိတ်မချ..
တနေ့..
"ကော..မောနေပြီလား"
ဗန်းကိုချပြီး ချွေးတွေနဲ့အမောဖြေနေတဲ့ကိုကို..
"ဟင့်အင်း..မမောပါဘူးမောင်ရယ်.."
"မမောဘူးသာပြောတာ ကိုကိုချွေးတွေလည်းထွက်လို့"
ပြောလည်းပြော ကိုကို့နဖူးစီးနားကကျနေတဲ့ချွေးစီးလေးကို သုတ်ပေးလိုက်သည်..
"ရှောင်ကျန့်..မင်းအတွက်အလုပ်.."
"လာပြီ..ကဲမောင်ကောသွားလိုက်ဦးမယ်"
"ကော..ကျွန်တော်သွားလိုက်မယ်.."
"ရပါတယ်မောင်ရယ်..စိတ်မပူနဲ့နော်"
".."
ခေါင်းမညိတ်ချင်ပေမဲ့ လက်ခံလိုက်ရသည်လေ..
အလုပ်ဆင်းချိန်အထိ ကိုကိုကပြန်မလာသေး..
"မန်နေဂျာ..ရှောင်ကျန့်ကော"
"အော်ရီပေါ်..ကြည့်ရတာရှောင်ကျန့်တစ်ယောက်ပွနေပြီထင်တယ်"
"ဘာ!!"
"အခုလေသူ့ကိုခေါ်တဲ့သူကသဘောကျလို့တဲ့အဲ့တာ..."
"ဘာ!!!"
ကြားလိုက်ရတဲ့စကားကြောင့် အလျင်မြန်ပဲကိုကို့ရှိရာသို့ပြေးသွားမိတော့မြင်လိုက်ရတဲ့မြင်ကွင်းကရင်၀ကိုစောင့်ကန်နေသလို..
YOU ARE READING
❀.ကြာငယ်.❀ « ℳ𝓎 ℒℴ𝓉𝓊𝓈 » Completed
Fanfictionနောက်ဆုံးတစ်ခေါက်လောက်ပြောပါရေစေနော်... ကော အရမ်းချစ်တယ်မောင်