Uni
❀. ကြာငယ် .❀
"ရှင်းချန်..ရှင်းချန်"
ဆေးရုံထဲအော်ကာ၀င်လာတဲ့ရီပေါ်ရယ်ပါ..
"ရီပေါ်!!! မင်းဘယ်လိုလုပ်!!"
"စကားမများနဲ့..ကို..ကိုကို..ငါ့ကိုကိုကိုကြည့်ပေးပါဦးကွာ.."
"ကုတင်ပေါ်တင်လိုက်.."
ရှင်းချန်စကားအတိုင်းကုတင်ပေါ်တင်ပေးလိုက်သည်..
ကိုကို့ကိုစစ်ဆေးနေတဲ့ရှင်းချန်..
"အရေးပေါ်အခန်းပြောင်း"
"အ..အရေးပေါ်!!ရှင်း.ရှင်းချန်..ကို..ကိုကို..ငါ့ကိုကို"
"ရီပေါ်..သူ့မှာ Phobia ရှိနေတာသိတယ်မလား"
"ငါ..ငါသိတယ်"
"လက္ခဏာတွေကော လေ့လာထားလား"
"သံသယ၀င်ခဲ့တုန်းကတော့ငါလေ့လာထားပါတယ်"
"မင်းသိရင်ရပါပြီ..ငါပြောမယ်..အခုမင်းကိုကိုက shock ရသွားတယ်လို့ယူဆရတယ်..ဒါကြောင့်အရေးပေါ်လုပ်လိုက်ရတာ.."
"ဒါ..ဒါဆိုအဆင်ပြေပါ့မလားကွာ..ကို..ကိုကို"
"အခြေနေကတော့ ပြောမတတ်ဘူး..ဆိုးလည်းဆိုးနိုင်သလို ကောင်းလည်းကောင်းနိုင်တယ်..ကြည့်ရတာသူအဆိုးဆုံးကြောက်ရွံမှု့ကို အခုမှစဖြစ်ပုံပဲ..အဆိုးဆုံးကိုလက်ခံဖို့ပြင်ဆင်ထားပေါ့ကွာ.."
ရှင်းချန်စကားကြောင့် အရုပ်ကြိုးပျက်သလို ခွေကျခဲ့ရသည်..
ရှင်းချန်ကတော့ အရေးပေါ်အခန်းထဲသို့သာပြေးလွှားရင်း၀င်သွားခဲ့သည်...
ကိုကို..ကျေးဇူးပြုပြီးဘာမှမဖြစ်လိုက်ပါနဲ့နော်..
အရေးပေါ်အခန်းလေးထဲကို အပြင်ကနေချောင်းကြည့်မိတော့..
ကုတင်ပေါ်မှာအသက်လုနေရတဲ့ကိုကိုကို...
ဒီမြင်ကွင်းက ကျွန်တော့်ကမ္ဘာကိုရပ်တန့်စေသည်လေ...
ရုပ်တရက်စစ်ဆေးနေရာကနေ ရှင်းချန်က ကိုကို့ပေါ်ခွတက်ကာ နှလုံးနေရာကိုဖိနှိပ်ပေးနေသည်..
မ..မဟုတ်မှလွှဲရော..ကို..ကိုကို...ဟင့်အင်း..မ..မဖြစ်ဘူးနော်..
YOU ARE READING
❀.ကြာငယ်.❀ « ℳ𝓎 ℒℴ𝓉𝓊𝓈 » Completed
Fanfictionနောက်ဆုံးတစ်ခေါက်လောက်ပြောပါရေစေနော်... ကော အရမ်းချစ်တယ်မောင်