Uni
❀. ကြာငယ် .❀
၀မ်ချောင်နဲ့ပြေလည်သွားခဲ့တာလည်းတစ်ခုတော့ကောင်းသည်လေ..
ဘာပဲဖြစ်ဖြစ်ပါး ဘာလုပ်လုပ်သိရတာပေါ့..
သိပ်တော့မယုံပေမဲ့ အလုပ်နဲ့သက်သေပြတဲ့သူမို့ အဆင်ပြေလှသည်..
ကိုကိုကတော့အခုထိမနိုးသေးပါဘူးလေ..
ဆေးရုံရှိကိုကို့နားမှာပဲအချိန်ပြည့်နေနေမိသည်..
တနေ့တနေ့ ကိုကိုနားနေပြီ စာဖတ်ပြရတာတို့ သီချင်းဆိုပြရတာတို့ လက်ကလေးကိုသန့်ရှင်းပေးရတာတို့ နဲ့ ကျွန်တော်မအား..
ဖတ်ပြီးသွားတဲ့စာအုပ်လေးကိုပိတ်ရင်း..
"ကိုကို..မောင်လက်ကိုသန်ု့ရှင်းပေးမယ်နော်"
ပြန်မဖြေပေမဲ့ ကိုကိုနားထောင်နေမည်ဆိုတာသိသည်..
လက်ကိုင်ပု၀ါကိုရေစွတ်ကာကိုကို့လက်ကိုတစ်ယုတယသုတ်ပေးနေမိသည်..
"သိပ်မအေးဘူးမလားကိုကို..မောင်ရေနွေးလေးနဲ့စပ်ထားပေးတာ.."
လက်ကလေးကိုသုတ်ပေးရင်း စကားကလည်းတပြောပြောပေါ့..
ဒီလိုပါပဲ ကိုကို့အနားမှာနေရင်း ကိုကို့ကိုစကားပြောကာ ဖြေသံပျောက်ရှပေမဲ့ နားထောင်ပေးနေမဲ့ကိုကို့ကြောင့် တစ်နေ့တာအပန်းဖြေရသည်လေ...
ပု၀ါလေးအားဘေးနားချရင်း အိပ်နေရှာတဲ့ကိုကို့နဖူးပြင်က ကျဆင်းနေတဲ့ဆံသားကိုဖယ်ရှားရင်းအနမ်းတစ်ပွင့်ချွေမိသည်..
အနမ်းပွင့်လေးနဲ့အတူ ကျဆင်းလာတဲ့မျက်ရည်တွေကိုတော့ သတိမထားမိဘူးထင်ပါရဲ့..
ကိုကို..နိုးလာပါတော့နော်..ကျွန်တော်လွမ်းလှပြီ...
ကြားနေရတဲ့ကိုကို စိတ်မကောင်းဖြစ်မည်ဆိုးသောကြောင့်
ထိုစကားလေးကိုစိတ်ထဲတွင်သာသိမ်းထားလိုက်မိတော့သည်..မျက်ရည်တွေမသုတ်ဖယ်နိုင် လက်ကလေးကိုကိုင်ကာနမ်းရှိက်ရင်းနှင့်ပင်..
"ကိုကို ကုမ္ပဏီကိုစိတ်မပူနဲ့နော်..ကျန်းကောကိုလွှဲထားပေးတယ်ကိုကိုရဲ့..ကိုကိုရော ထချင်နေပြီမလား..စိတ်ချနော်..ကိုကိုနိုးလာမှာကျွန်တော်သိတယ်..ရှင်းချန်ကလည်းမကြာခင်နိုးလာမယ်ပြောတယ်ကိုကိုရဲ့..မောင်မျှော်နေတယ်နော်ကိိုကို.."
ŞİMDİ OKUDUĞUN
❀.ကြာငယ်.❀ « ℳ𝓎 ℒℴ𝓉𝓊𝓈 » Completed
Hayran Kurguနောက်ဆုံးတစ်ခေါက်လောက်ပြောပါရေစေနော်... ကော အရမ်းချစ်တယ်မောင်