❀. 20 .❀

6.7K 508 9
                                    

Uni

❀. ကြာငယ် .❀

ကိုကို့ဘဘောအတိုင်း ဟော့ပေါ့ဆိုင်ရှိရာသို့

ကြက်ကြော်စားချင်သည်ဆိုသည်ကြောင့်လည်း ၀င်၀ယ်ခဲ့ရသေးသည်..

ဆိုင်အရောက်..

"မင်္ဂလာပါ..Vip အခန်းယူမလာဗျ"

"ယူ..."

"မယူတော့ဘူး..ဒီတိုင်းလွတ်နေတဲ့နေရာပဲပြပေးပါ.."

"ဒါဆိုလိုက်ခဲ့နော်.."

ဆိုင်၀န်ထမ်းလေးနောက်လိုက်သွားတဲ့ကိုကို..

"ဒီနေရာပါဗျ.."

"ကျေးဇူးပါပဲ"

ခုံကိုနေရာယူကာ ကျကျနနထိုင်နေတဲ့ကိုကို..

"ကိုကို..ဘာလို့ vip အခန်းမယူတာလဲ"

"ဟာမောင်ကလည်း ဟောပေါ့စားတယ်ဆိုတာ ပတ်၀န်းကျင်ဆူဆူညံညံလေးနဲ့မှစားကောင်းတာ..နှစ်ယောက်ထဲ တိတ်တိတ်ဆိတ်ဆိတ်စားရတော့ပျင်းစရာကြီး..ဟုတ်တယ်မလား"

နှုတ်ခမ်းဆူကာပြောပြနေတဲ့ကိုကို..
သိပ်ကိုချစ်ဖို့ကောင်းလွန်းသည်..

အနည်းငယ်ဖောင်းနေသယောင်ရှိတဲ့ကိုကို့ပါးလေးအားအသာအယာဆွဲကာ..

"ဟုတ်တာပေါ့ဗျာ..ကိုကို့သဘောပါ..ဟုတ်ပြီလား..ကိုကိုပျော်ရင် ပြီးတာပဲ"

"ဟီးဟီး..မောင်မှာပေးတော့လေ..ဗိုက်ဆာနေပြီ"

ဗိုက်ကလေးပွတ်ကာပြောနေတဲ့ကိုကိုက ကျွန်တော့်အတွက်၀က်ပေါက်လေးလိုပင်..

"ဟုတ်သား..မှာပေးမှာပေါ့..ခဏစောင့်"

waiter ကိုခေါ်ကာ ကိုကို့သဘောကျအတိုင်းမှာပေးမိသည်..

အဆာလွန်မည်ဆိုး၍ ၀ယ်လာတဲ့ကြက်ကြော်ကို ဖွင့်ကာ ခွံပေးနေရသည်လေ..

ခဏအကြာ ကိုကို့အကြိုက်ဟော့ပေါ့လေးက တန်ဆာပလာအစုံအလင်ဖြင့် စားပွဲပေါ်ရောက်ရှိခဲ့သည်..

"အား..ပူတယ်ပူတယ်.."

အသားကျက်ကျက်ခြင်းမမှုတ်ပဲစားလိုက်တဲ့ကိုကိုက အပူဟပ်သွားသည်လေ..

"ကျစ် ကိုကိုရာ မောင်မှုတ်ပေးမယ်ဆိုတာကိုမစောင့်ဘူး..အခုဖြစ်ပြီမလား"

❀.ကြာငယ်.❀ « ℳ𝓎 ℒℴ𝓉𝓊𝓈 » CompletedDonde viven las historias. Descúbrelo ahora