Episode 38

27.1K 2K 32
                                    

"ဒါက ဒယ်ဒီရဲ့ညီမဝမ်းကွဲ စီစီမော် ဒါက
သူ့အမျိုးသား ခရစ်ရှ်''

"အို့ ကလေးကတကယ်အချောလေးကွယ်
အခုလိုဆုံတွေ့ခွင့်ရတာ ဝမ်းသာလိုက်တာ''

ရောက်ရောက်ချင်းပဲလာရောက်ကြိုဆိုကြသည့်
မိသားစုဝင်တွေကို ဒယ်ဒီကမိတ်ဆက်ပေးသည်။
စီစီမော်လို့ဟုခေါ်သည့်သူမဟာ အသက်လေးဆယ်
ကျော်ဝန်းကျင်ပဲရှိဟန်ကာ မပိန်မဝခန္ဓာကိုယ်နှင့်
အသားဖြူဖြူကြည့်ကောင်းသည့်အမျိုးသမီးဖြစ်သည်။
သူမ၏အမျိုးသားကတော့ အနောက်တိုင်းသားတစ်
ယောက်ဖြစ်ကာ လွှားကိုလည်း ရင်းရင်းနှီးနှီး
ဆက်ဆံပါသည်။

ပွေ့ဖက်မှုတွေဟာ တကယ့်နွေးထွေးမှုအစစ်တွေလို့
ယုံကြည်စွာခံစားမိလျက်....

"ဟန်ရဲက ဒီလိုပုံစံလေးနဲ့မတန်လိုက်တာ''

အန်တီစီစီမော်ရဲ့စကားကြောင့် ဒယ်ဒီရော
လွှားပါ အသာပြုံးမိကြသည်။

"ဟန်ရဲက အရမ်းဆိုးတာ...အခုချိန်ထိ အန်တီကိုဆို
ပြန်ပြောတုန်းပဲ...သူ ကျောင်းတက်ကတည်းက
အန်တီက သားဆိုးမိခင်ကြီးလေ''

သားသမီးမရှိသည့်အန်တီစီစီက သူ့လူကြီး
ကျောင်းတက်ခဲ့တုန်းက ရှေးဟောင်းနှောင်းဖြစ်တွေ
ပြန်ပြောပြသည်။ ဆေးသုံးခဲ့လို့ ထောင်ကျခဲ့တာတွေရော
အရက်သေစာသောက်စားပြီး ကားမောင်းခဲ့လို့
အက်စီးဒင့်ဖြစ်ခဲ့သည်ဆိုတာတွေရော ပြောပြသည်။
ူ့သူ့လူကြီးဟာ တကယ့်လူဆိုးလေးဖြစ်ခဲ့သည်ပဲ။

"မနက်ဖြန် စီစီတို့ North beach သွားကြမလား''

"ကိုကိုမအားဘူး စီစီ ခရစ်ရှ်နဲ့ Sydneyကိုပြန်
သွားရမယ်... အလုပ်ကိစ္စနဲ့အစည်းအဝေးပွဲရှိလို့''

"ရတယ်လေ ကိုကိုကလည်း... စီစီပဲ လွှားလေးကို
ခေါ်သွားပေးလိုက်မယ်''

မီးလင်းဖိုလေးဘေး လွှား ကော်ဖီပူပူတစ်ခွက်ကို
သောက်ကာ နားထောင်နေမိသည်။ ပြန်ရောက်
ကတည်းက ဒယ်ဒီလည်းအလုပ်များနေပါသည်။

စီစီနဲ့စကားခဏပြောပြီးမှ ဒယ်ဒီက အခန်းထဲဝင်သွား
သည်။ ခဏကြာတော့ လွှားရဲ့အနားပြန်လာထိုင်ကာ...

ဦး ကို ချစ် မိ နေ ပြီ | ဦး ကို ချစ် မိ နေ ပြီ | (Completed)Where stories live. Discover now