တစ်မနက်စာလုံးစဉ်းစားနေရင်း
အိပ်ယာထဲ တောင်မြောက်လူးလိမ့်နေမိသည်။"မင်းက ဝေးတယ်နော်...တကယ် ငအပဲ
ဘာတဲ့ သူ့ကိုမချစ်ဘူးလား''"အင်း''
"Foreign romatic movieတွေကြည့်ဖူးလား...
ထားလိုက်...ဗမာမူဗွီတွေတော့ကြည့်ဖူးတယ်မလား''"ကြည့်ဖူးပါတယ်...ဘာဖြစ်လို့လဲ''
"အဲ့ထဲမှာ မင်းသားက မင်းသမီးကို
ဘယ်လိုမေးလဲ... ကိုယ့်ကိုမချစ်ဘူးလားလို့
မေးတာ ကြားရောကြားဖူးရဲ့လား...ဘာလို့မေးလဲရော
သိလား''"ဟင်''
လွှားရဲ့မျက်နှာ စဉ်းစားမရသည်ကြောင့်
အနည်းငယ် ရှုံ့မဲ့သွားသည်။"ဘာလို့လဲ''
"ဟ...မင်းသမီးကို မင်းသားက ချစ်နေလို့ပေါ့ကွ
မင်း အဲ့လောက်တောင်ဒူရလား...''တစ်ဖက်က ဝီလျံ စိတ်မရှည်တော့။
ပင်ပန်းသည့်ကိုယ်ကြောင့် အိပ်ယာထဲလှဲနေရင်း
ဝီလျံနှင့်ဖုန်းပြောနေခြင်းဖြစ်ကာ ကိစ္စတချို့ပြောပြ
မိသည်။ထိုလူအကြောင်းမကြားချင်ဘူးဟု
ဆိုကာငြင်းထားသည့်ဝီလျံ။ မတတ်နိုင်။
လွှားမှာလည်း ဒီသူငယ်ချင်းတစ်ယောက်ပဲ
တိုင်ပင်စရာရှိသည်ဖြစ်ရာ...."ဟုတ်...ဟုတ်လို့လားကွာ''
ကြားလိုက်ရသည်ကြောင့် ရင်ထဲ ဒိတ်ခနဲနေအောင်
ခံစားရသည်။ ပြိုင်ပွဲတစ်ခုမှာ ပထမဆုရလိုက်သလိုမျိုး
ခံစားချက်နဲ့..."မယုံလည်း မဟုတ်နဲ့ကွာ...မချစ်ဘူးလို့
ပြန်ဖြေခဲ့တယ်မလား..... ''"အင်း....''
"အဲဒါနဲ့ ကွာပေးမယ်ပြောလား''
"မပြောဘူး...သူ စိတ်ဆိုးပြီး ဒေါနဲ့မောနဲ့ထွက်သွားတာ''
"ဟ...တကယ်ကြီးလားကွ...အဲဒါဆိုရင်တော့
သေချာတယ်... မင်းကို သူကြိုက်နေတာပဲ
သောက်ဘိုးတော်...ငါ ပြောတာကြားလား လွှား''"အင်း...ကြားတယ်...''
တစ်ယောက်သောသူကိုရည်စူးကာ ရေရွတ်လ်ုက်သည့်
ဝီလျံရဲ့စကားလုံးအချို့ အပြစ်မတင်ရက်။ ဖုန်းပြောတိုင်း
မကြာခဏကြားနေရတတ်သည်မို့ ကြားဖူးနေကျ
ဖြစ်တော့မည်။
YOU ARE READING
ဦး ကို ချစ် မိ နေ ပြီ | ဦး ကို ချစ် မိ နေ ပြီ | (Completed)
Romanceအသက်၃၀ကျော်အိမ်ထောင်ပြုချိန်ရောက်လာတဲ့အခါ ဖခင်ရဲ့စီစဉ်ပေးမှုကြောင့် အိမ်ထောင်ပြုဖို့ဖြစ်လာတဲ့ CEO ဦးဟန်ရဲဆက်မော် ငယ်ငယ်လေးတည်းက မိဘတွေရဲ့အုပ်ချုပ်မှုအောက်မှာ နာခံအသားကျနေပြီဖြစ်တဲ့ သားလိမ္မာပိုးဟပ်ဖြူလေး လွှားဝံ့ထည် သူတို့နှစ်ယောက်ရဲ့အချစ်ဇာတ်လမ်းလေးက...