Episode 8

33.5K 2.7K 14
                                    

လက်တစ်ဖက်က ကျောပိုးအိတ်ကြိုးစကိုကိုင်ရင်း
အောက်ထပ်သို့ဆင်းလာခဲ့သည်။ သုံးလေးထစ်
လောက်ဆင်းပြီးမှ ဖျတ်ခနဲမြင်လိုက်ရသည့်
အရိပ်တစ်ခု ။

ဦးဟန် အိမ်ပြန်လာတာလား။

လှေကားဘက်ကိုကျောပေးကာ
ဖုန်းပြောနေပုံရတဲ့ဦးဟန်ကို
မြင်လိုက်ရင်ပဲ ကိုယ့်ရင်ဘတ်ဆီက
နှလုံးခုန်သံတွေကိုပြန်ကြားနေရသည်။

ဖြတ်ကျော်သွားဖို့ရာ စိတ်ကမရဲ။

ပူလောင်နေသည့်ဝမ်းဗိုက်က
အချိန်ကျပြီမို့ အချက်ပေးနေသည်...

အခန်းဆီသို့ပြန်ဦးတည်လိုက်ကာ
မသိကျေးကျွန်ပြုလိုက်ခြင်းမှာ
ပိုများဝမ်းနည်းသွားသလား...

တကျိကျိနဲ့အော်နေသည်။

သည်းခံပါဦး ကောင်လေးရေ
ခဏနေရင် ဦးဟန်က အိမ်က
ထွက်သွားတော့မှာပါ...

ပို့နေကျကားဒရိုင်ဘာကတော့
စောင့်နေလောက်သည်။

အိမ်ပေါ်သို့တစ်ယောက်မှတက်မလာကြ
သလို ပြန်ထွက်ကာကြည့်ပြန်တော့
ဧည့်သည်တစ်ယောက်နဲ့စကားပြော
နေသည့်ဦးဟန်။

သင်တန်းချိန်တွေနောက်ကျလေပြီ။

သူရှေ့တောင်မမြင်ချင်တာ
ဧည့်သည်နဲ့ဆိုပိုဆိုးလိမ့်မည်။

ထူးထူးဆန်းဆန်း သူစိမ်းခေါ်လာဖူး
တာ ပထမဆုံးမို့ စိတ်တော့ဝင်စားမိသည်။

"ငါ ဒီနေ့မလာဖြစ်တော့ဘူးကွာ''

အချိန်အချို့ကျော်လွန်ပြီးချိန်မှာ စိတ်
လျှော့ကာ ဝီလျံကိုဖုန်းဆက်ပြောလိုက်သည်။

ပူလောင်နေသည့်ဗိုက်နဲ့ အခန်းထဲလျှောက်နေတာ
ခေါက်တုံ့ခေါက်ပြန်။

စားစရာတစ်ခုမျှပင်မထားသည့်အခန်းထဲ
တစ်ခုတလေများရှိလို့ရှိငြား လိုက်လျှောက်မိ
သည်။

သို့ပေမဲ့ အချည်းနှီးသာ။

နောက်ဆုံး မနေနိုင်လွန်းစွာ
ဧည့်ခန်းကနေဦးဟန်တို့ထသွားချိန်
ပြေးစားဖို့ ဧည့်ခန်းကိုမြင်ရုံလောက်
လှေကားထစ်တွေနားကနေ ထိုင်
စောင့်ဖို့တွေးလိုက်သည်။

ဦး ကို ချစ် မိ နေ ပြီ | ဦး ကို ချစ် မိ နေ ပြီ | (Completed)Where stories live. Discover now