Episode 7

33.5K 2.9K 15
                                    

တစ်အိမ်လုံးတိတ်ဆိတ်နေသည်မှာ
အပ်ကျသံပင်မကြားရလောက်အောင်...

သန်းခေါင်ယံကျော်သည့်တိုင်
အိပ်မပျော်သည့်စိတ်က
တစ်ခုခုပဲဆာလောင်နေသလိုလို...

မီးတွေလင်းထိန်နေသည့်
အိမ်ထဲ ခြောက်ကပ်မှုသည်
သူတစ်ဦးတည်းရှိသည်ဟန်
ကြီးစိုးနေသည်။

ရေခဲသေတ္တာဖွင့်ကာ အဆာပြေမုန့်
အချို့ယူလိုက်သည်။ ချိစ်၊ထောပတ်
တွေနဲ့မုန့်အချိုတွေချည်းပဲပါလာသည်မို့
ပြန်ထည့်ကာကျောခိုင်းလိုက်သည်။
တကယ်တော့ သူစားချင်တာ
ချဉ်ချဉ်စပ်စပ်။

"အမလေး''

တံခါးဝမှာရပ်နေသည့်ဦးဟန်...

ရုတ်ချည်းမြင်လိုက်ရသည်မို့
လူတစ်ကိုယ်လုံးတုန်ခါသွားအောင်
ကြောက်လန့်သွားသည်။

"ဟက်... အဲ့လောက်အကဲမပိုနဲ့
မသိရင် ငါကပဲ သရဲလိုလို..''

မကြောက်ရပေဘူးလား...
အိမ်အကူတွေအကုန်လုံးအိပ်နေကြပြီဖြစ်ကာ
ညည့်ပင်တော်တော်နက်ချေပြီ။

အိမ်ကိုပြန်မလာဘူးလို့ထင်ထားခဲ့တာ...
မြင်နေကျအတိုင်း suitနဲ့မဟုတ်ဘဲ
ရှပ်အင်္ကျီအဖြူရောင်ကိုလက်တွေခေါက်
တင်ထားကာ စတိုင်ပန်ခဲရောင်နှင့်
ဦးဟန်ဟာ ခံ့ညားမှုအပြည့်ပါ။

တွေ့လိုက်တိုင်းမှာ ရင်တွေခုန်ရသလို
ကိုယ့်ကိုမနှစ်မြို့ဘူးဆိုတာသိနေတော့
လည်း သူရှေ့မှာမတွေ့မိအောင်ရှောင်နေ
မိတယ်...

ဟိုတနေ့ညနေက...
အန်ကယ်ဦးနေယံမော်နဲ့နေ့လည်စာစား
ခဲ့တဲ့နေ့...

"ဘယ်လိုလဲ ငါ့အဖေက
ကောင်းကောင်းမွန်မွန်ဆက်ဆံပေးလိုက်လို့
ပျော်တယ်မလား''

အိမ်ထဲကိုဝင်လိုက်ရင်ပဲ စကားနာ
စထိုးသည်က ဦးဟန်ပါ...

ခေါင်းငုံ့ကာနားထောင်မိသည်...

"မသိချင်ဘူးလား ငါ့အဖေ မင်းကို
ဘာလို့ အဲ့လောက်သဘောတွေကောင်း
နေလဲဆိုတာ...''

ဘာမှပြန်မပြောမိပါဘဲ ငြိမ်သက်စွာနား
ထောင်နေမိတတ်သည်ကို
လွှားကျင့်သားရစပြုပြီ။

ဦး ကို ချစ် မိ နေ ပြီ | ဦး ကို ချစ် မိ နေ ပြီ | (Completed)Where stories live. Discover now