่
"ကျွန်တော်တို့လိုက်ပို့ပါ့မယ်''"ရတယ်...ကျွန်တော့်သူငယ်ချင်း
လာခေါ်မှာ''တရိုတသေပြောလာသည်ကို လွှား
သေသေချာချာပြန်ပြောလိုက်သည်။တစ်ပတ်ကျော်ကြာပြီးနောက် ပထမဦးဆုံး
အကြိမ်အပြင်ထွက်ရမည်မို့ လူကမြောက်ကြွကြွနဲ
ကဆုန်ပေါက်နေတာ သူတို့လည်းသိမည်ထင်။"Bossက မှာခဲ့လို့ပါ''
"ခင်ဗျာ...ကျွန်တော် မနေ့ကပြောပြီးသားပါ
အခု ကျွန်တော့်သူငယ်ချင်းလည်း ဒီရှေ့မှာ
ရောက်နေပါပြီ''လွှား မနေ့ကတည်းက ဝီလျံကို လာခေါ်ရန်
ဖုန်းဆက်ခေါ်ပြီးသားဖြစ်သည်။တုံ့ပြန်ခြင်းမရှိသည့်စကားတို့မှာ
လွှားဟာ ဦးဟန်သိအောင်ပြောခဲ့ပြီးသား...သူ့ကို ဦးဟန်က ဘာမှမပြောခဲ့ဘူးလေ။
တစ်နေ့မှာတစ်ခေါက်တွေ့ဖို့ခက်ခဲတဲ့ဦးဟန်ဟာ
သူ့အတွက်တော့ နေ့မြင်ညပျောက်တတ်တဲ့
သူမျိုးပဲ။"ဦးဟန်ဆူမှာကြောက်လို့လားဟင်..
ကျွန်တော်ပြောလိုက်ပါ့မယ်''ဝါကျရှည်တစ်ကြောင်းပင်ပြည့်အောင်
မပြောဆိုဖူးသည်ကို ပြောပေးမည်ဆိုတော့
ပြောပြီးသည်မှ လွှား ကိုယ့်ကိုယ်ကို
ရယ်ချင်မိသွားသည်။"Bossက သေချာမှာခဲ့လို့ပါ''
လွှားရဲ့တုံ့ဆိုင်းနေမှုမှာ သူတို့လည်း
အခက်တွေ့နေပုံရသည်။"အဲဒါဆို... လွှား ဖုန်းဆက်လိုက်မယ်လေ
ဟို..ဦးဟန်ဖုန်းနံပါတ်ရှိလားဟင်''ကိုယ်နဲ့ယူထားတဲ့လူရဲ့ဖုန်းနံပါတ်တောင်
မသိတဲ့လွှား...ရယ်တော့ရယ်ရသည်။
လွှားက ဘယ်လိုလူမျိုးပါလိမ့်....။လွှားကို လိုက်ပို့လို့မရမချင်း လက်လျှော့မည်ဟန်
မရှိသည်မို့ လက်ကနာရီကိုတစ်ချက်ကြည့်ရင်း
လွှားပြောလိုက်တော့ သူတို့တွေ
ဆုံးဖြတ်ရခက်သလို တစ်ယောက်မျက်နှာ
တစ်ယောက်ကြည့်ကြသည်။"Bossရဲ့ဖုန်းနံပါတ်တော့မရှိပါဘူး
ကိုရိုင်းရဲ့ဖုန်းနံပါတ်တော့ရှိပါတယ်''
YOU ARE READING
ဦး ကို ချစ် မိ နေ ပြီ | ဦး ကို ချစ် မိ နေ ပြီ | (Completed)
Romanceအသက်၃၀ကျော်အိမ်ထောင်ပြုချိန်ရောက်လာတဲ့အခါ ဖခင်ရဲ့စီစဉ်ပေးမှုကြောင့် အိမ်ထောင်ပြုဖို့ဖြစ်လာတဲ့ CEO ဦးဟန်ရဲဆက်မော် ငယ်ငယ်လေးတည်းက မိဘတွေရဲ့အုပ်ချုပ်မှုအောက်မှာ နာခံအသားကျနေပြီဖြစ်တဲ့ သားလိမ္မာပိုးဟပ်ဖြူလေး လွှားဝံ့ထည် သူတို့နှစ်ယောက်ရဲ့အချစ်ဇာတ်လမ်းလေးက...