Episode 14

35.3K 2.7K 125
                                    

"ပန်းခြံထဲမှာ ယုန်လေးတွေသွားကြည့်မယ်
မာမီ''

"အင်း... မာမီ လိုက်ပို့မယ်''

ဘိုကတော်မျက်ခုံးပင်အုပ်လိုက်ကြီးကို
အတန်းလိုက်ကြီးပိုက်လုံးပုံဖော်ထားတာ
ခါးတစ်ဝက်ကျော်လောက်မြင့်သည်။

ခရမ်းရောင်အပွင့်သေးသေးလေးတွေ
ကျဆင်းနေသည့်မြက်ခင်းပြင်ကိုနင်းကာ
ခြောက်နှစ်သားအရွယ်ကောင်လေးဟာ
ပြေးလွှားဆော့ကစားနေလေသည်။

ပန်းခြံထဲကအရွက်တချို့ခူးကာ
လှောင့်ချိုင့်ထဲကယုန်လေးတွေကိုအစာ
သွားကျွေးသည့်ကလေးငယ်ကို
ရွှေအိုရောင်ဖျော့ဖျော့ဆံပင်နှင့်အမျိုးသမီးငယ်
ကြည့်နေသည်မှာ ချစ်မြတ်နိုးမှုအပြည့်ပါသော
မျက်ဝန်းတွေနဲ့ပါ....

"သားငယ်... အဲ့ဘက်မသွားရဘူးလေ''

"ခိ...ခိ''

ချစ်မြတ်နိုးသူတွေနဲ့ဆို နာခံဖို့လွန်ဆန်တတ်သည်က
ကလေးတွေအကျင့်ပါ...

မိခင်ကိုအချစ်စမ်းကာ ရှေ့ဆက်တိုး
သွားရန်ပြင်နေသည့်ခြေထောက်ပိုင်ရှင်လေးဟာ
စိုးရိမ်စွာကြည့်နေသည့်မိခင်ကို ပြုံး
ရယ်ကာကြည့်ရင်း စတင်ရွေ့လျားလိုက်သည်။

"သားငယ်!...''

"မာမီ!'

နိမ့်ဆင်းကျသွားတဲ့ခံစားချက်နှင့်အတူ
ရင်အစုံပါ ဟိုက်ခနဲဖြစ်သွားသည်။

ကျဆင်းသွားသည့်လေဟာပြင်ဟာ
တကယ်မဟုတ်ခဲ့။

ထိတွေ့လိုက်ရသည့်အမြင်အာရုံဟာ
မျက်နှာကျက်ငွေကြည်ရောင်ဖြစ်နေသည်။

လှုပ်ရှားဖို့ကြံရွယ်လိုက်သည်နှင့်
ဦးနှောက်ကို တန်းလှုံ့ဆော်မှုပေးသည့်
နာကျင်မှုတွေ....

အသိတရားကပ်ပါမှုမှာ မျက်ရည်တွေပါ
လိုက်သည်။

အနာမရှိသည့်လက်တစ်ဖက်ကိုအားပြု
ထောက်ကာ ထထိုင်ဖို့ကြိုးစားလိုက်စဉ်
ခေါင်းက ရှေ့သို့ယိုင်ထိုးကာ မိုက်ခနဲမူးသွားသည်။

နဖူးထက် လက်ဖဝါးပြင်အသာတင်ကာ
မျက်လုံးကိုစုံမှတ်ထားလိုက်တော့
နည်းနည်းတော့သက်သာပါသည်။

ဦး ကို ချစ် မိ နေ ပြီ | ဦး ကို ချစ် မိ နေ ပြီ | (Completed)Where stories live. Discover now