Episode 12

33.8K 2.6K 67
                                    

မဟုတ်တာလုပ်ထားတဲ့လူတစ်ယောက်ဟာ
နောက်တစ်ခေါက်လည်း ထိုကဲ့သို့သော
အမှုကိုလုပ်ဖို့ ဝန်လေးမနေတတ်ပါ။

ဒီစကားသည် လွှားအတွက်တော့
ဧကန်မှန်ပါသည်။

ကားပေါ်မှာပဲ ယတိပြတ်ဆုံးဖြတ်ချက်တစ်ခုကို
ချရင်း အသာပြုံးမိတော့ ဝီလျံက
နားမလည်သလိုလှည့်ကြည့်ခဲ့သည်။

ဒယ်ဒီမရှိဘူးဆိုတဲ့စကားတစ်ခွန်းနောက်က
အကြောင်းအရာတွေပြန်မပြောဖြစ်ခဲ့ပါ။

အရှုံးမပေးဖို့ထက် လွှားဟာ
လောကကြီးမှာ အရာရာရှုံးပြီးသားလူ
ဖြစ်နေတယ်လို့တွေးမိတော့
တကယ်ပဲညံ့ဖျင်းတဲ့သူပါဖြစ်နေပါရော့လား။

ရှာဖွေမွှေနှောက်ခြင်းမှာ ဘာငွေသားမှ
မတွေ့ရပါ။ ခိုးကြောင်ခိုးဝှက်ဆိုတာမျိုးထက်
ရဲရဲတင်းတင်းလုပ်ဆောင်နေခြင်းတွေမှာ
မျက်နှာကျက်ကစီစီတီဗွီကိုလှမ်းကြည့်ကာ
ငေးကြည့်နေမိသည်။

သတ်လည်း ခံရပါတော့မယ်...ဦးဟန်ရယ်

လိုချင်တယ်
အခွင့်အရေးလေးတစ်ခုလောက်...

ရက်ရက်စက်စက်စွန့်ပစ်လိုက်မဲ့
ဦးဟန်ရဲ့အမိန့်တွေ...

မလိုချင်မှတော့ ဆက်ပြီးချည်နှောင်မထား
ပါနဲ့တော့လား...ဦးဟန်ရယ်

ဦးဟန် ခွင့်မလွှတ်နိုင်မဲ့အကြောင်းကိစ္စတွေကို
ဆက်ပြီးဖန်တီးပါရစေ....

♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡

ချိန်းထားသည့်နေရာသို့ရောက်နေသည်မှာ
ဆယ်မိနစ်မျှကြာမည်ထင်သည်။

လေးထောင့်ခပ်ကြီးကြီးပစ္စည်း
အထုပ်အပိုးတစ်ခုကို လက်တစ်ဖက်နှင့်
မ,လျှောက်လာရသည့်အချိန်ဟာကြာသည်မို့
လက်က နာကျင်နေသည်။

ရင်တွေလည်းခုန်ပါသည်။
တထိတ်ထိတ်နှင့်နှလုံးသားဟာ
စာမေးပွဲဖြေရတော့မည့်ကလေးတစ်ယောက်
လိုမျိုးခံစားချက်နှင့် လှုပ်ခတ်နေခဲ့သည်။

အိမ်ကကားလိုက်ပို့ပေးပြီးသည်နှင့်
ဝီလျံနဲ့မတွေ့ခင် သင်တန်းနားက
ကော်ဖီဆိုင်ကိုဝင်လာခဲ့သည်။

သင်တန်းကြေးဆက်မသွင်းပါဘဲ
မျက်နှာပြောင်တိုက်ဖို့ရာ သူစိမ်းတွေကို
မတတ်နိုင်ပါ...

ဦး ကို ချစ် မိ နေ ပြီ | ဦး ကို ချစ် မိ နေ ပြီ | (Completed)Where stories live. Discover now