Episode 3

42.1K 3K 18
                                    

"ဘယ်လိုလဲ''

မျက်ခုံးတစ်ဖက်ကို ပင့်မြှောက်ကာ
ပြောလိုက်သည်က တကယ့်ကိုချဉ်စရာအပြုအမူ။
တခြားသူဆို ထိုနေရာမှာပဲ
တခုခုဖြစ်သွားလောက်မည်ဆိုပေမဲ့
အခုရှေ့ကလူက ဒါတွေနဲ့လုံးဝမသက်ဆိုင်တဲ့လူ။

"ဗီဒီယိုပို့ပေးလိုက်ရမလား''

မေးဆိုလိုက်သည့် အမေးမှာ
အပြုံးခပ်ပါးပါးထည့်သွင်းလျက်။

ဦးနေယံမော် မျက်နှာပြန်တည်သွားကာ
ချိတ်ထိုင်ထားသည့်ခြေထောက်တွေကို
ဖြေချပြီး စားပွဲပေါ်က စာဖိုင်တစ်ခုကို
ဟန်ရဲရှေ့ကို ပစ်ချပေးသည်။

"ဦးမိုးလွှားရဲ့အစုရှယ်ယာတွေပဲ
ပြန်ရသွားတာ တချို့တဝက်ပဲ
ဒါကို ဘယ်သူမှမသိဘူး''

"ဘာလို့ အဲ့လောက်ထိုးနှက်နေတာလဲ''

ဦးနေယံမော် ကျောမှီချရင်း
ခြေထောက်တစ်ဖက်ကိုပြန်ချိတ်လျက်
စဉ်းစားနေဟန် မေးစေ့ကိုပွတ်သပ်နေသည်။

လေးထောင့်ဆန်သောမျက်နှာပြင်က
အသားအရည်သည် တင်းရင်းလျက်
တူညီမှုတစ်ခုမှမရှိသော အစိတ်အပိုင်းတိုင်းကြောင့်
သူနှင့်သားအဖဆိုတာကို ယုံကြည်ဖို့ခက်သည်။

အငြှိုးအတေးတွေနှင့်သူ့ကိစ္စမှာ
ကိုယ့်ကို သူ့ရဲ့အရုပ်တစ်ရုပ်လို့ထည့်သွင်း
ပစ်တာကိုမကျေနပ်။

ဖြေကြားလာမည့်မဟုတ်သည့်အဖြေကို
ထပ်မံစောင့်ဆိုင်းခြင်းမရှိချင်သည်မို့
ထိုင်ရာကနေထလိုက်သည်။

"ကလေးကို သေချာဂရုစိုက်နော်''

ပြောဖြစ်အောင်ပြောလိုက်သေးသည့်
စကားတစ်ခွန်းဟာ သူ့အမေးထက်
ပိုအရေးပါနေပုံပဲ။

*ဟန်ရဲဆိုတာ ကိုယ်လုပ်ချင်တာ
လုပ်နေခဲ့တဲ့ယောကျာင်္းတစ်ယောက်...
ဘယ်သူအမိန့်အာဏာအောက်မှာ
အလုပ်လုပ်နေမဲ့လူမျိုးမဟုတ်။
ဒါကိုသိလျက်နဲ့ပြောလိုက်တဲ့ ဦးနေယံမော်ဟာ
သူ့ရဲ့သည်းခံမှုကိုစမ်းသပ်လိုက်သလားပဲ*

နောက်ပါးကကပ်ပါလာသည့် ရိုင်းထံ စာဖိုင်ကို
လှမ်းပေးပြီး ခြေလှမ်းကျဲတွေနှင့် ဒီရုံးခန်း
နဲ့ဝေးရာကို ဦးတည်လျက်။

ဦး ကို ချစ် မိ နေ ပြီ | ဦး ကို ချစ် မိ နေ ပြီ | (Completed)Where stories live. Discover now