Episode 5

36.7K 2.7K 73
                                    

"ပြော...ကွာပေးပါလို့
နောက်တစ်ခါပြောဦးမလား''

တတိတိကိုက်ခံရသော နားလေးတစ်ဖက်ဟာ
အခုအချိန်မှာ အထိမခံနိုင်အောင်
နာကျင်နေတာ တဆစ်ဆစ်နှင့်...

ကြယ်သီးအချို့ပြုတ်ထွက်နေသည့်
ရှပ်အင်္ကျီမီးခိုးရောင်လေးဟာ ကိုယ်
ပေါ်မှာ လိပ်တက်နေတာကြောင့်
ပေါ်လှစ်နေသည့်ချပ်ရပ်နေသည့်
ဗိုက်သားပြင်လေးဟာ ဟန်ရဲမျက်ဝန်း
ထဲမှာ ပြေချောနေသည့်သလင်းကျောက်လို...

"အဟင့်...နာတယ်...ဦးဟန်''

နှိပ်စက်ခံနေရတာ ဆယ်မိနစ်လောက်ကြာပြီ
ထင်သည်။ လည်ပင်းတွေကိုတလှည့်
ပါးပြင်တစ်လျှောက်ပွတ်တိုက်နမ်းရှုံနေတာ...

ဖိအုပ်ခံလိုက်ကတည်းက လွှားကိုယ်ထက်
နှစ်ဆလောက်ကြီးတဲ့ဦးဟန်ရဲ့အောက်မှာ
ရုန်းဖို့ဘယ်လိုမှအားမရှိတော့တာ...

ကြိုးစားပြီးရုန်းကန်ကြည့်ပေမဲ့
အဆက်မပြတ်ကျဆင်းနေတဲ့
အကြမ်းပတမ်းဆန်တဲ့ပွတ်သပ်
နမ်းရှုံ့မှုတွေကြောင့် လွှားရင်တွေ
လှိုက်ဖိုပြီး အသက်ရှူတွေမြန်နေတာ
ဦးဟန်လိုပဲနည်းတူ...

ဦးဟန်...လွှားကိုနလုံးရောဂါရပြီး
သေစေချင်တာလား။

"...ဦးဟန်... လွှတ်...လွှတ်ပေးဦး''

တွန်းထိုးရုန်းကန်မှုတွေမလုပ်တော့ဘဲ
တအိအိငြိမ်သက်ကျသွားတော့ လွှား
တဖြည်းဖြည်းစိတ်ငြိမ်လာပြီး
သူ့ကိုယ်ပေါ်မှာခြယ်လှယ်နေတဲ့
ဦးဟန်ကိုဖယ်ပေးဖို့ တောင်းဆိုလိုက်တယ်။

"ပြောလေ...ပြောဦးမလား..
ဒီပါးစပ်က နောက်တခါကွာပေးဖို့..''

အားကြီးလွန်းတဲ့လက်တစ်ဖက်ထဲညှပ်
ယူခံလိုက်ရတဲ့လွှားရဲ့ပါးစောင်နှစ်ဖက်
ဟာ ချက်ချင်းပဲနာကျင်သွားတာ
အသည်းခိုက်မတတ်ပဲ...

"အ..''

လွှတ်ပေးခြင်းမရှိဘဲ စုပ်ယူခံလိုက်ရပြီးနောက်
ခပ်ဆဆကိုက်ခံလိုက်ရတဲ့
အောက်နှုတ်ခမ်းလေးကြောင့်
လွှားရဲ့ မပီပြင်ဝိုးတဝါးအော်ညည်းသံသဲ့သဲ့လေး
ထွက်လာတယ်။

နမ်းခံနေရတဲ့နှုတ်ခမ်းသားတွေလည်း
နာကျင်ရလွန်းလို့ထူပူနေပြီ...

ဦး ကို ချစ် မိ နေ ပြီ | ဦး ကို ချစ် မိ နေ ပြီ | (Completed)Where stories live. Discover now