လှုပ်ရှားမိသည့်မျက်ခွံ့လေးတွေက
စတင်ဖွင့်ဟမိသည်နှင့် အလင်းရောင်
စူးစူးကိုထိတွေ့မိသည်။"အကိုလေး...အကိုလေး...
သတိရပြီလား''အနားမှာ အိမ်အကူကောင်မလေးပါ...
"အန်တီ...အကိုလေးသတိရလာပြီ''
တစ်စုံတယောက်ကိုလှမ်းပြောနေတာကိုကြား
နေရသလို မျက်ဝန်းအစုံဖွင့်ကြည့်ဖို့ရာ
မနည်းအားယူနေရသည်။"အကိုလေး...''
နှုတ်ခမ်းသားတို့ ခြောက်ကပ်မှုနှင့်အတူ
တခုခုကိုလိုချင်တောင့်တမိသည်။"ရေ..ရေသောက်ချင်တယ်''
ခြောက်သွေ့တင်းကပ်နေသည့်လည်ပင်းကို
ဖီဆန်ရင်း တောင်းဆိုမိသည်။တရွေ့ရွေ့တိုးထမိတော့ ဘေးနားကနေ
အိမ်အကူကောင်မလေးက လက်တစ်ဖက်က
ဖန်ခွက်ကိုင်ရင်းဖြစ်နေသည်က
သူ့ကိုကူရခက် ကိုင်ရခက်...."အ!''
အားပြုထောက်မိသည့်လက်ဖဝါး
တစ်ဖက်က နာကျင်သွားတာ အသည်းခိုက်မတတ်..."အကိုလေး... သတိထားလေ...
လက်က အနာနဲ့..''သတိကပ်ပြီး မြှောက်ယူကြည့်မိသည့်
ဘယ်လက်တစ်ဖက်သည် ပတ်တီး
ဖွေးဖွေးတစ်ခုနှင့်ဖြစ်ကာ..."ဒါ...ဒါ...''
"အကိုလေး အပူလောင်မိတာလေ...
မမှတ်မိတော့ဘူးလား...ရေချိုးခန်းထဲမှာ
မေ့လဲသွားတာ''"ဘယ်လိုလုပ်ပြီး... ''
"ရေသောက်လိုက်ပါဦး အကိုလေး''
ကမ်းပေးလာသည့်ဖန်ခွက်ကိုယူကာ
သောက်တော့ အရသာသည်ခါးသက်
သက်...ခံတွင်းပျက်သွားပါရောလား...
ခံစားမိသည့်ခန္ဓာကိုယ်ကိုက်ခဲမှုကြောင့်
နလန်ပင်ထူဖို့ခက်ကာ..."သခင်လေးနိုးနေပြီလား...လွဲ့...
အန်တီ စွပ်ပြုတ်ပြုတ်ထားတယ်...
သမီးထည့်ခဲ့''"ဟုတ်ကဲ့... အန်တီ''
နေမကောင်းဖြစ်နေသည့်ကိုယ့်အနား
အနည်းငယ်ယောက်ယက်ခတ်သည့်
လူတွေရှိနေတော့ အားတော့ဖြစ်သား...
YOU ARE READING
ဦး ကို ချစ် မိ နေ ပြီ | ဦး ကို ချစ် မိ နေ ပြီ | (Completed)
Romanceအသက်၃၀ကျော်အိမ်ထောင်ပြုချိန်ရောက်လာတဲ့အခါ ဖခင်ရဲ့စီစဉ်ပေးမှုကြောင့် အိမ်ထောင်ပြုဖို့ဖြစ်လာတဲ့ CEO ဦးဟန်ရဲဆက်မော် ငယ်ငယ်လေးတည်းက မိဘတွေရဲ့အုပ်ချုပ်မှုအောက်မှာ နာခံအသားကျနေပြီဖြစ်တဲ့ သားလိမ္မာပိုးဟပ်ဖြူလေး လွှားဝံ့ထည် သူတို့နှစ်ယောက်ရဲ့အချစ်ဇာတ်လမ်းလေးက...