"ကိုယ်ကြည့်နေတာကြာပြီ...ဆောရီး
လက်က ဘာဖြစ်ထားတာလဲ''အားနာမျက်ဝန်းတွေဖြင့် လွှားရဲ့လက်နှစ်ဖက်ကို
ကြည့်ကာမေးသည်။ လွှားထင်မိသလောက်လည်း
လွှားရဲ့လက်ကိုမြင်သူတော်တော်များများက စိတ်ဝင်
စားကြလေသည်။ မေးရမှာအားနာလို့သာ မမေးကြတာ
ဖြစ်လိမ့်မည်။"သြော်...အဲဒါ.. ဒါက ရေနွေးပူလောင်ထားတာ..
ဒီဖက်က ကိုစက်မြင်တိုင်းအတိုင်း ဒဏ်ရာတွေ''"အမာရွတ်တွေမြင်ရတာတောင် တော်တော်ဆိုးတယ်
ညီရာ...ဒဏ်ရာတွေနဲ့သာဆို..''စိတ်မကောင်းစွာ ခပ်အေးအေးဆိုရင်း လွှားရဲ့လက်နှစ်ဖက်ကို
ဆွဲယူကြည့်သည်။ လက်ဖဝါးပြင်ထက် အမာရွတ်တွေပေါ်သို့
ကိုစက်က သူ့လက်ချောင်းတွေနှင့် ပွတ်ဆွဲကြည့်ကာ
တကယ် စိတ်မကောင်းဖြစ်နေလေသည်၊၊"ဘယ်လိုဖြစ်တာလဲ ပြောပြလေ''
"ဗျာ...''
"ကိုယ်သိချင်လို့''
လွှားရဲ့လက်ဖဝါးတွေကို သူ့လက်နှစ်ဖက်ထဲဆုပ်ကိုင်ရင်း
မေးလာသည်။လွှား ကိုစက်ရဲ့လက်ဖဝါးတွေထဲက ကိုယ့်လက်တွေကို
အသာဆွဲယူဖြေထုတ်လိုက်သည်။ ဒီရက်ပိုင်းအတွင်း
အတော်အသင့်ရင်းနှီးနေပြီဖြစ်ကာ လွှားအပေါ်လည်း
ကောင်းပေးသည်။ နားမလည်သည့်စာတွေကိုလည်း
ကိုစက်ပဲရှင်းပြတတ်သည်မို့ လွှားလည်း ကိုစက်ကို
အကိုကြီးတစ်ယောက်လို ခင်တွယ်မိပါသည်။သာမာန်ဆက်ဆံရေးကြား လက်ကိုင်ခြေကိုင်လောက်သည်
မထူးဆန်းသည့်အပြုအမူမျိုးမို့ အထူးအဆန်းတော့
မတွေးဖြစ်ပါ။"အဲဒါက...မသိချင်စမ်းပါနဲ့ ကိုစက်ရာ
ကျွန်တော်ပြန်ပြောရမှာခက်လို့''"အိုကေ...အိုကေ...ဆောရီးပါ ညီရာ
ကိုယ် မမေးသင့်တာကို...''"မဟုတ်ပါဘူးဗျာ...ကျွန်တော်ပြောမပြနိုင်တာကို
အားနာပါတယ်...ကိုစက်ကိုမယုံလို့မပြောတာမဟုတ်ပါဘူး
ဒီတိုင်းပဲ ကျွန်တော်ပြောပြလို့ အကြောင်းရင်းသိသွားလည်း
ကိုစက်စိတ်ထဲ တစ်ခုခုခံစားရမှာစိုးလို့...အနှောင့်အယှက်
ဖြစ်သွားမှာစိုးလို့ပါ''
YOU ARE READING
ဦး ကို ချစ် မိ နေ ပြီ | ဦး ကို ချစ် မိ နေ ပြီ | (Completed)
Roman d'amourအသက်၃၀ကျော်အိမ်ထောင်ပြုချိန်ရောက်လာတဲ့အခါ ဖခင်ရဲ့စီစဉ်ပေးမှုကြောင့် အိမ်ထောင်ပြုဖို့ဖြစ်လာတဲ့ CEO ဦးဟန်ရဲဆက်မော် ငယ်ငယ်လေးတည်းက မိဘတွေရဲ့အုပ်ချုပ်မှုအောက်မှာ နာခံအသားကျနေပြီဖြစ်တဲ့ သားလိမ္မာပိုးဟပ်ဖြူလေး လွှားဝံ့ထည် သူတို့နှစ်ယောက်ရဲ့အချစ်ဇာတ်လမ်းလေးက...