Warning ;
1st Episode မှာပဲwarningပေးရလို့
အားနာပါတယ်>-<
Married Life ဆိုတော့ မကြာခဏဆိုသလိုပဲပါဦးမှာပါ
~~~ 💖
Drama လည်းနည်းနည်းချိုးမယ်နော် ^^ဒီနေ့ လွှားရဲ့မင်္ဂလာပွဲလေး ပြီးဆုံးသွားခဲ့သည်။
လွှား ဒီမင်္ဂလာပွဲကိုစိတ်မပါဘူးဆိုပေမဲ့
မနက်ကတွေ့လိုက်ရတဲ့လူကြီးကြောင့်
လွှားရဲ့စိတ်တွေအနည်းငယ်ပြောင်းလဲသွားခဲ့ရသည်။စောနကတော့ လွှားစိတ်ထဲမှာ သူနဲ့လက်ထပ်ရမဲ့
လူကြီးကို မုန်းတဲ့စိတ်ဝင်ခဲ့သည်။ ခုတော့
ကြောက်တဲ့စိတ်ပါဝင်မိသည်။
မင်္ဂလာမဆောင်ခင်က လွှားတို့ဆီကို ဒီလူကြီးက
တစ်ခေါက်လေးတောင်လာမကြည့်ခဲ့ပါ။ပွင့်ပွင့်လင်းလင်းပြောရရင် လွှားကို ဒယ်ဒီတို့က
သူ့တို့စည်းစိမ်ချမ်းသာအတွက် ရောင်းစားလိုက်ကြခြင်း။
လွှားမှာ ဒါကိုငြင်းပယ်ဖို့ အင်အားမရှိပါ။နောက်ဆုံးမှာ လွှားဟာ သူတစ်ပါးပိုင်ပစ္စည်းအဖြစ်
ရောင်းစားခံလိုက်ရတယ်လို့ ကိုယ့်ကိုယ်ကို
တွေးမိသည်။အားလုံးနဲ့ဝေးရာကိုထွက်ပြေးချင်ခဲ့ပေမဲ့
သူမရှိရင် သူ့ကြောင့်ပြိုပျက်သွားမဲ့အရာအားလုံးဟာ
သူ့ပေါ်မှာပဲမူတည်နေလို့ သူ ဘာမှမလုပ်နိုင်ခဲ့ပါ။
တကယ်လို့ ထွက်ပြေးမယ်ဆိုရင်တောင်
ဒယ်ဒီရဲ့တပည့်တွေကြောင့်လွတ်မြောက်နိုင်မှာ
မဟုတ်ပါဘူးလေ။လွှား အကျဉ်းရုံးကျင်းပလိုက်တဲ့ဒင်နာပွဲကပြန်လာပြီး
ရေမိုးချိုးအဝတ်လဲတော့ နှင်းဆီပန်းတွေဖြန့်ကြဲထားတဲ့
နှစ်ယောက်အိပ်မင်္ဂလာခုတင်ကိုကြည့်မိကာ
ပါးပြင်လေးတွေနွေးကနဲဖြစ်သွားရသည်။ဆက်ကြည့်နေရင် အတွေးရိုင်းတွေဝင်လာမှာစိုးလို့
ခုတင်ပေါ်က နှင်းဆီပန်းပွင့်တွေကို အသာအယာပဲ
လက်နဲ့ဖယ်ထုတ်လိုက်သည်။
မင်္ဂလာပွဲကြောင့်တစ်နေ့လုံးပင်ပန်းထားပြီး
ရှေ့ရက်တွေကလည်း အိမ်မှာ
ဆန္ဒပြပြီးငိုကြွေးခဲ့တဲဒဏ်တွေကြောင့်
လွှားရဲ့မျက်ဝန်းတွေဖောင်းအစ်နေသည်။နူးညံ့အိစက်တဲ့ခေါင်းအုံးပေါ်ခေါင်းချပြီးခဏအကြာမှာပဲ
လွှား နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားသည်။
YOU ARE READING
ဦး ကို ချစ် မိ နေ ပြီ | ဦး ကို ချစ် မိ နေ ပြီ | (Completed)
Roman d'amourအသက်၃၀ကျော်အိမ်ထောင်ပြုချိန်ရောက်လာတဲ့အခါ ဖခင်ရဲ့စီစဉ်ပေးမှုကြောင့် အိမ်ထောင်ပြုဖို့ဖြစ်လာတဲ့ CEO ဦးဟန်ရဲဆက်မော် ငယ်ငယ်လေးတည်းက မိဘတွေရဲ့အုပ်ချုပ်မှုအောက်မှာ နာခံအသားကျနေပြီဖြစ်တဲ့ သားလိမ္မာပိုးဟပ်ဖြူလေး လွှားဝံ့ထည် သူတို့နှစ်ယောက်ရဲ့အချစ်ဇာတ်လမ်းလေးက...