Episode 29

36.7K 2.6K 135
                                    

"ဟိတ်...အောက်မှာဖန်ကွဲစတွေနဲ့လေ''

ဟန်ရဲပြောတာကိုမကြားချင်ယောင်ဆောင်သည်။
ကိုင်လက်စပစ္စည်းတွေကို လက်ကချပစ်ပြီး
ဆိုဖာပေါ်ထိုင်နေရာကနေမတ်တပ်ရပ်ပစ်လိုက်ကာ
နှုတ်ခမ်းလေးဆူရင်း လမ်းလျှောက်ဖို့ပြင်နေတော့
ဝင်တားမိသည်။

"မကိုင်နဲ့... ဖယ်''

အနားကိုသွားကာပွေ့ချီဖို့ပြင်လိုက်သည့်လက်တွေကို
အတင်းဖယ်ထုတ်ပစ်သည်။

ဒါက ဘာလဲ...သူ့ကိုစိတ်ကောက်နေတာလား။

"အဲ့လောက်စုတ်ပြတ်သတ်နေတဲ့လက်တွေနဲ့
လာမကိုင်နဲ့....ကျွန်တော်က ကိုယ့်လက်ကိုသာ
ဘာဖြစ်ဖြစ်နေနိုင်တာ...သူများလက်ဆိုကြည့်ရဲတာ
မဟုတ်ဘူး''

"ကိုယ့်ကို မခနဲ့ပါတော့ ကလေးရယ်''

ဟန်ရဲ သူ့ကိုမျက်နှာချင်းမဆိုင်ဘဲ ရင်နာစရာစကားတွေ
ပြောနေသည့်ကောင်လေးကို ရင်ခွင်ထဲဆွဲဖက်ထားချင်
မိသည်။

"ဒါတွေက မင်းကိုနှိပ်စက်ခဲ့တာတွေနဲ့စာရင်
ဘာမှမပြောပလောက်ဘူးဆိုတာ ကိုယ်သိတယ်၊
ကလေး ဘာဖြစ်ချင်လဲ...ကွာရှင်းဖို့စကားကလွဲရင်
ကြိုက်သလိုပြော......ကိုယ့်ကို ကတ်ကြေးနဲ့
ပြန်ထိုးမလား...''

"ရော့..''

ပြောနေရင်း ဆေးသေတ္တာထဲက ကတ်ကြေးကို
ယူကာလှမ်းပေးလိုက်တော့ အထိတ်ထိတ်အလန့်နှင့်
နောက်ဆုတ်သွားသည့်ကိုယ်လေး။

"ခင်ဗျားကြီး ရူးနေလား...ခင်ဗျားလို
ကျွန်တော်က အမုန်းတွေအာဃာတတွေနဲ့ရှင်သန်နေတာ
မဟုတ်ဘူး...ကျွန်တော်လိုချင်တာ.... ဟင့်''

ငိုမဲ့မဲ့ဖြစ်သွားသည့်မျက်နှာလေးကိုမကြည့်ရက်နိုင်
တော့တာမို့ အနားကိုတိုးသွားမိကာ ပခုံးလေးကို
အသာဆွဲယူမိသည်။

ကျဆင်းလာသည့်မျက်ရည်ဥတို့ကို လက်ခုံတစ်ဖက်နဲ့
ဆွဲသုတ်ပစ်လိုက်သည်ကြောင့် ရုန်းချိန်မရလိုက်ပဲ
သူ့လက်တွေထဲပါလာကာ...

"ပြော...ကလေးလိုချင်တာ ဘာလဲပြော...
ကိုယ်ဖြည့်ဆည်းပေးမယ်''

"မသိဘူး...ဘာမှနားမလည်တဲ့ခင်ဗျားကိုစိတ်ကုန်
တာပဲသိတယ်''

ဦး ကို ချစ် မိ နေ ပြီ | ဦး ကို ချစ် မိ နေ ပြီ | (Completed)Where stories live. Discover now